ရှေ့သို့
Image

ခြေကျင်းဝတ် ဒဏ်ရာကြောင့် ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ၁လကြာ အနားယူရဖွယ်ရှိဟု သတင်းထွက်

12:20 PM, 22 October

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ မယ်လ်မိုကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ၁လကြာအနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ပထမပိုင်းမှာ အဆိုပါဒဏ်ရာရခဲ့တာဖြစ်ပြီး တွဲဘက်တိုက်စစ်မှူး တီမိုဝါနာကလည်း တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ အင်တာကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၈သန်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ လူကာကူအနေနဲ့ ၁လကြာ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အဆိုးရွားဆုံးအဖြစ် တကယ်လို့ ရက်သတ္တပတ် ၄ပတ်သာ အနားယူရမယ်ဆိုရင် လူကာကူအနေနဲ့ ပရီးမီယားလိဂ်ပွဲတွေဖြစ်တဲ့ နောဝစ်ချ်၊ နယူးကာဆယ်၊ ဘန်လေတို့နဲ့ပွဲတွေအပြင် ဆောက်သမ်တန်နဲ့ လိဂ်ဖလားပွဲ၊ မယ်လ်မိုနဲ့ ချန်ပီယံလိဂ်ဒု-အကျော့ပွဲတွေကိုပါ လွဲချော်ရမှာဖြစ်ပါတယ်။

လူကာကူဟာ ချဲလ်ဆီးကို ပြန်ရောက်လာပြီးနောက် အစောပိုင်းမှာ ဂိုးမြူးခဲ့ပေမယ့် နောက်ဆုံး ၇ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်က တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ ဝါနာတို့ ရက်သတ္တပတ်ပေါင်းများစွာ မပါဝင်နိုင်မှာကို စိုးရိမ်နေပေမယ့် မယ်လ်မိုနဲ့ပွဲမှာ သူတို့နှစ်ယောက်စလုံးကို ထုတ်သုံးခဲ့တဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ အခိုင်အမာပြောပါတယ်။

#လူကာကူ #ချဲလ်ဆီး #ချန်ပီယံလိဂ် #မယ်လ်မို