ရှေ့သို့
Image

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ များနေတဲ့ ဗန်ဒီဘိခ်

10:46 AM, 22 October

သတင်းတွေအရ ယူနိုက်တက်အသင်းကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ များနေတယ်လို့သိရပါတယ်။ နယ်သာလန်သားဟာ အေဂျက်အသင်းထံကနေ ယူနိုက်တက်ကိုရောက်လာခဲ့တာဖြစ်ကာ အသင်းမှာပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရပါတယ်။

ဗန်ဒီဘိခ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၆ မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားပြီး ယန်ဘွိုင်းလ် ၊ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲတွေမှာသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။ ရိုမာနိုရဲ့အဆိုအရ အသက် ၂၄ နှစ်သားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့များနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်  အေဂျက်ကိုပြန်မယ်ဆိုတဲ့သတင်းတွေကိုတော့ ရိုမာနိုက ငြင်းဆန်ခဲ့ကာ သတင်းအမှားတွေလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်အတွက် ၁၇၅ ပွဲမှာ ၄၁ ဂိုးသွင်းယူနိုင်ခဲ့ကာ နယ်သာလန်လိဂ်ဖလားအပါအဝင် ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဗန်ဒီဘိခ်