ရှေ့သို့
Image

မန်ဒီရဲ့ ဒဏ်ရာ အခြေအနေနဲ့ ဝါနာရဲ့ တိုးတက်မှုတွေကို ပြောပြလိုက်တဲ့ ချဲလ်ဆီး နည်းပြ တူချယ်

9:38 AM, 22 October

ချဲလ်ဆီးအသင်းရဲ့ ကာရာဘောင်ဖလားပွဲမှာတော့ အပြောင်းအလဲတွေရှိမှာဖြစ်ပြီး ဂိုးသမားအဖြစ် မန်ဒီက ပါဝင်နိုင်မှာမဟုတ်ပါဘူးလို့ တူချယ်က အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆီနီဂေါနိုင်ငံသားဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ဗီလာနှင့် ကစားမယ့် ကာရာဘောင်ဖလားပွဲအမှီ ပြန်လည်သက်သာသေး မှာမဟုတ်သော်လည်း မန်စီးတီးနှင့်ကစာမည့်ပွဲမှာ မန်ဒီက မပါဝင်နိုင်ဘူးလို့တော့ မပြောထားတာဖြစ်ပါတယ်။

“မနက်ဖြန်မှာတော့ သူက ကစားနိုင်မှာမဟုတ်ပါဘူး။ သူကလေ့ကျင့်ရေးမှာမရှိသော်လည်း စနေနေ့မှာ ပါဝင်နိုင်ဖို့ ကျွန်တော်တို့က ကြိုးစားနေပါတယ်။ မနက်ဖြန်မှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းပြီး ကြာသပတေးမှာ အသင်းနှင့် အတူလေ့ကျင့်ခန်းဆင်းနိုင်ဖို့ မျှော်လင့်မိသော်လည်း မသေချာသေးပါဘူး။ စနေနေ့မှာ ဖြစ်နိုင်မယ်လို့ ထင်မိသော်လည်း နာကျင်မှုတွေကရှိနိုင်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က စောင့်ကြည့်ရမှာပါ။ ကြာသပတေးနေ့မှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းပြီး စနေနေ့အတွက် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်မိသော်လည်း အခုထိတော့ သေချာမသိသေးပါဘူး”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူချယ်က ပြောပါတယ်။

ကာရာဘောင်ပွဲစဉ်အတွက် ကစားသမားရွေးချယ်မှုနှင့်ပတ်သက်ပြီး တူချယ်က “အဲ့ဒီအတွက် ကျွန်တော်တို့မှာ ကစားသမားတွေရှိပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေကလည်းရှိပါတယ်။ ပွဲထွက်ကစားသမားစာရင်းကို ကြေညာသေးမှာမဟုတ်ဘဲ လက်ရှိအချိန်မှာ အရေးကြီးတဲ့ပွဲစဉ်အတွက် အနားပေးရမယ့်သူတွေရှိပြီး အပြောင်း အလဲအနည်းငယ်တော့ရှိမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

လူကာကူရောက်ရှိလာကတည်းက ဝါနာက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိကာ တော့တင်ဟမ်နှင့်ပွဲရဲ့ ဒုတိယပိုင်းမှာ တိုက်စစ်မှုး ၂ဦးစလုံးရဲ့ကစားပုံနှင့်ပတ်သက်ပြီး တူချယ်က သဘောကျနေတာဖြစ်ပါတယ်။

“တီမိုက ရိုမီလူနဲ့ တွဲကစားနိုင်ပါတယ် ဒါကတော့ သေချာပါတယ်။ တော့တင်ဟမ်နှင့်ပွဲမှာ မိနစ် ၂၅ ၊ ၃၀ လောက် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ ၂ဦး အတူတကွကစားရင် ဘယ်လောက်အထိ အန္တရာယ်ပေးနိုင် သလဲဆိုတာကို ပြသလိုက်တာပါ။ နွေရာသီ ယူရိုမှာတုန်းက ရရှိခဲ့တဲ့ တီမီုရဲ့ပုခုံးဒဏ်ရာကတော့ အနည်းငယ်စိတ်ပျက်စရာပါ။ ပထမပွဲကတည်းက စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး သဘောကျမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိအနေအထား ထက်ပိုပြီးတိုက်စစ်မှာ သူက အကောင်းဆုံးကစားနိုင်တယ်ဆိုတာကို ကျွန်တော်တို့က သိထားတဲ့အတွက် လုံးဝ တော့မပျော်ရွင်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့လေ့ကျင့်ရေးမှာတုန်းက သူ့ရဲ့လှုပ်ရှားမှုတွေက ပိုပြီးယုံကြည်မှုရှိလာကာ ဒါကြောင့်ပဲ တော့တင်ဟမ်နှင့်ပွဲမှာ စောစောထည့်သွင်းခဲ့တာဖြစ်ပြီး သူရဲ့တိုးတက်မှုကို တွေ့ခဲ့ရပါတယ်”

“သူက လူကာကူနားမှာ ပြိုင်ဘက်တွေကို အန္တရာယ်ပေးကာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ကာ အသင်းဖော်တွေကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာလည်း လွတ်လွတ်လပ်လပ်လှုပ်ရှားပြီး သူ့ရဲဆုံးဖြတ်ချက်တွေကလည်း ပိုပြီးယုံကြည်မှုရှိလာပါတယ်။ သူကပုံစံကောင်းတွေမှာရှိတယ်ဆိုတာက ရှင်းပါတယ်။ မနက်ဖြန်မှာ ခြေစွမ်းပြပြီး သက်သေပြနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ တူချယ်က ပြောပါတယ်။

#ချဲလ်ဆီး #မန်ဒီ #ဝါနာ #တူချယ် #ကာရာဘောင်ဖလား