ဗီတက်ဆီကို အရေးနိမ့်ခဲ့ပေမယ့်လည်း မိမိတို့ဟာ ယူရိုပါကွန်းဖရန့်လိဂ်မှာ နောက်တစ်ဆင့် တက်နိုင်သေးတယ်လို့ ဆန်းတို့စ် အခိုင်အမာဆို
9:21 AM, 22 October
တော့တင်ဟမ်အသင်းနည်းပြ နူနိုဆန်းတို့စ်က မိမိတို့အသင်းဟာ ဗီတက်ဆီကို အရေးနိမ့်ခဲ့ပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်သေးတယ်လို့ ပြောကြားလိုက်ပါတယ်။
နူနိုဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပရီးမီးယားလိဂ်ပွဲအတွက် ပြင်ဆင်နေပြီး လူစာရင်းအပြောင်းအလဲတွေလုပ်ခဲ့ကာ ဝီလ်တက်ခ်ရဲ့ ၇၈ မိနစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ နူနိုရဲ့တော့တင်ဟမ်အသင်းဟာ ဒုတိယပိုင်းမှာ ဘရိုင်ယန်ဂီးလ်ရဲ့ကန်ချက်တိုင်ထိထွက်ခဲ့တာတစ်ခုပဲ ပြောစရာရှိခဲ့တာဖြစ်ပါတယ်။
ဗီတက်ဆီကိုအရေးနိမ့်ခဲ့တဲ့ တော့တင်ဟမ်အသင်းဟာ အုပ်စု (G) ရဲ့အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ “ကျွန်တော်တို့ရွေးချယ်စရာတွေဆွေးနွေးခဲ့ပါတယ်။ ယူ - ၂၃ ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး အဝေးကွင်းမှာဆိုရင် ပိုခက်ပါတယ်။ စုဖွဲ့မှုတွေလိုအပ်ခဲ့တာပါ”လို့ နူနိုဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။
အပြောင်းအလဲများစွာလုပ်ခဲ့ပေမယ့်လည်း နူနိုဆန်းတို့စ်က မိမိတို့အသင်းဟာ နောက်တစ်ဆင့်တက်နိုင်ဦးမယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။