နည်းပြရာထူးအတွက် ဖွန်ဆီကာနဲ့ ဆွေးနွေးနေတဲ့ နယူးကာဆယ်
2:14 PM, 21 October
သတင်းတွေအရ နယူးကာဆယ်အသင်းဟာ နည်းပြနေရာအတွက် ဖွန်ဆီကာနဲ့ ဆွေးနွေးနေပြီး လာမယ့် ၂၄ နာရီအတွင်း ခန့်အပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေဟာ နည်းပြဟောင်းဖြစ်သူ ဘရုစ်နဲ့ လမ်းခွဲခဲ့တာဖြစ်ကာ အသင်းကိုအပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပြီး ဖွန်ဆီကို ခန့်အပ်ချင်နေပါတယ်။
နည်းပြအများအပြားကိုချိတ်ဆက်နေပြီး အဆိုပါနည်းပြတွေထဲမှာ ရွန်းနီ ၊ ရော်ဂျာတို့ပါဝင်နေပေမယ့် ဖွန်ဆီကာက ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ အသက် ၄၈ နှစ်သားဟာ နယူးကာဆယ်အလုပ်ကို လက်ခံဖို့ အသင့်ရှိနေပြီး သိပ်မကြာခင်မှာ တရားဝင်ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဖွန်ဆီကာဟာ နည်းပြဘဝမှာ အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ကာ ၃ ရာသီအတွင်း ဆုဖလား ၇ လုံးအထိ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။