ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ လီနို
1:08 PM, 21 October
အာဆင်နယ်ဂိုးသမား လီနိုက သူဟာအသင်းမှာပွဲထွက်မရနိုင်လောက်တော့ဘူးလို့ ဝန်ခံပြောကြားခဲ့ကာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၉ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ရဲ့ ဦးစားပေးဂိုးသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၅ ပွဲအထိပါဝင်ကစားခွင့်ရရှိထားခဲ့ကာ မန်စီးတီးကို ၅ ဂိုးပြတ်အရေးနိမ့်ပြီးနောက်ပိုင်းမှာတော့ ပွဲထွက်ခွင့်မရတော့တာဖြစ်ပါတယ်။
အာတီတာဟာ နွေရာသီတုန်းက ရှက်ဖီးလ်ကနေ ရမ်စ်ဒေးလ်ကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူခဲ့ကာ အင်္ဂလန်သားက လီနိုရဲ့နေရာကို လက်စွမ်းကောင်းတွေနဲ့ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ “ဆောင်းရာသီမှာမှ ကျွန်တော့် အခြေအနေ မကောင်းဘူးဆိုရင် ကျွန်တော်တစ်ခုခုဆုံးဖြတ်မှာပါ။ အခုတော့ ကျွန်တော်လေ့ကျင့်ခန်းမှာပဲ အာရုံစိုက်ထားပါတယ်”လို့ လီနိုက ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အသင်းက လီနိုကိုစိတ်ဝင်စားနေပြီး ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဂျာမန်သားဂိုးသမားဟာ ၂၀၁၈ လေဗာကူဆင်ကနေ ပြောင်းလာပြီးနောက် အာဆင်နယ်အတွက် ၁၂၁ ပွဲမှာ ၃၅ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။