ရှေ့သို့
Image

တိုက်စစ်ပိုင်းပြဿနာကို ကစားသမားသစ်က ဖြေရှင်းနိုင်ဖွယ်ရှိနေတယ်လို့ ဂွါဒီယိုလာ မှတ်ချက်ပြုခဲ့

1:00 PM, 21 October

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ရေရှည်အတွက်တိုက်စစ်ပိုင်းကို ကစားသမားသစ်က ဖြေရှင်းနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ အဂူရိုထွက်ခွာပြီးနောက်ပိုင်း ဂွါဒီယိုလာဟာ တိုက်စစ်ပိုင်းအတွက် ဂါဘရီရယ်ဂျီးဆပ်စ်ကိုသာ အားထားနေခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်သားကို နွေရာသီတုန်းက ပေါင် ၈.၇ သန်းနဲ့ ဖလူမီနီးစ်အသင်းထံကနေ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒဏ်ရာတွေကြောင့် ပါဝင်ကစားခွင့် မရသေးတာဖြစ်ပါတယ်။ ဘရာဇီးသားဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ကာ ဂွါဒီယိုလာက နေမာလက်သစ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“သူဒီကိုရောက်တာမကြာသေးပါဘူး။ ဒူးဒဏ်ရာပြဿနာလည်းအနည်းငယ်ရှိနေပါတယ်။ အင်္ဂလိပ် ဘောလုံးကစားဟန်ကိုသိအောင် သူ့ကိုကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခိုင်းထားပါတယ်။ သူကအရမ်းငယ်ပြီး အရည်အချင်းရှိပါတယ်။ အသင်းတိုက်စစ်ကိုဖြေရှင်းနိုင်မှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကေကေးကို အီဒါဆန် နဲ့ ဖာနန်ဒင်ဟိုတို့ကလည်း ဂရုစိုက်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

#မန်စီးတီး #အဂူရို #ဂွါဒီယိုလာ #ဂျီးဆပ်