ရှေ့သို့
Image

ဒါကာရဲ့ သွင်းဂိုး ၄ ဂိုးနဲ့ ယူရိုပါလိဂ် မျှော်လင့်ချက်ရှင်သန်လာတဲ့ လက်စတာ

12:54 PM, 21 October

လက်စတာအသင်းကတော့ အဝေးကွင်းမှာ စပါးတပ်မော်စကိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၄-၃ ဂိုးနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကာ ဒါကာက ၄ ဂိုးစလုံးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မော်စကိုအသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် လက်စတာအသင်းက အနောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

မော်စကိုအတွက်ဂိုးတွေကို ဆိုဘိုလက်ဗ် နဲ့ လာဆင်တို့က သွင်းယူပေးခဲ့ကာ အဲ့နောက် ဒါကာက လက်စတာအတွက် ၄ ဂိုးအထိ သွင်းယူပေးခဲ့ကာ မော်စကိုအတွက် နောက်ဆုံးချေပဂိုးကို ဆိုဘိုလက်ဗ်က သွင်းယူပေးခဲ့ပါတယ်။ ဒါကာဟာ လက်စတာအသင်းအတွက် ဥရောပမှာ ပထမဆုံးဟက်ထရစ်ကိုသွင်းယူပေးနိုင်ခဲ့ကာ အုပ်စုဒုတိယနေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

နိုဝင်ဘာမှာတော့ လက်စတာဟာ လီဂီယာဝါဆောနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဲ့နောက်မှာ နာပိုလီအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#လက်စတာ #ဒါကာ #ယူရိုပါလိဂ် #စပါးတပ်မော်စကို