ပွဲအတွင်းအာရပ်အင်္ကျီတွေမဝတ်ဆင်ဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ နယူးကာဆယ်
11:06 AM, 21 October
နယူးကာဆယ်အသင်းကတော့ ပွဲအတွင်း အာရပ်အင်္ကျီတွေကို မဝတ်ဆင်ဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အာရပ်စော်ဘွားတွေဟာ နယူးကာဆယ်ကို ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူလိုက်ပြီး တနင်္ဂနွေနေ့က တော့တင်ဟမ်နဲ့ပွဲမှာ ပရိသတ်တွေက အာရပ်ခေါင်းပေါင်းတွေ လည်စည်းတွေနဲ့ လာရောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် နယူးကာဆယ်ကတော့ ပွဲချိန်အတွင်း အာရပ်ရိုးရာဝတ်စုံတွေ မဝတ်ဆင်လာကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ “နယူးကာဆယ်က ပရိသတ်တွေကို အာရပ်ဝတ်စုံတွေ ပွဲချိန်အတွင်းမဝတ်ဆင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲတုန်းက ပရိသတ်တော်တော်များများ အာရပ်နဲ့ သက်ဆိုင်တာတွေ ဝတ်ဆင်လာခဲ့ကြပါတယ်”
“တစ်ခါတလေမှာ ရိုးရာဝတ်စုံတွေက အခြားသူတွေအတွက် မျက်စိနောက်စရာဖြစ်တတ်ပါတယ်”လို့ နယူးကာဆယ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဘရုစ်နဲ့ ၂ဦးသဘောတူ လမ်းခွဲခဲ့တာကိုလည်း ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။