ရှေ့သို့
Image

ဘာစီလိုနာအနေနဲ့ အခွင့်အရေးတွေ အများကြီး ဖြုန်းတီးပစ်လို့ မရဘူးဆိုပြီး ကိုးမန်းညည်းညူ

10:28 AM, 21 October

ရော်နယ် ကိုးမန်းက ဘာစီလိုနာအသင်းရဲ့ ယမန်နေ့ည ဒိုင်နမိုကိဗ်အား ၁ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်က တည်ငြိမ်တဲ့ ဂိုးသွင်းဟန် မရှိခြင်းအပေါ် ညည်းညူခဲ့ပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးကို ပီကေးက သွင်းယူပေးခဲ့ပေမဲ့ အခွင့်အရေးပေါင်းများစွာ လွဲချော်ခဲ့သလို ဒိုင်နမိုကိဗ်ရဲ့ ရှားပါးတဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးပေးရမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။

ကိုးမန်းက “ဒုတိယပိုင်းမှာ အပိုင်ကြီး ၃လုံးလောက် ရတယ်ဆိုတာ ခင်ဗျားတို့ မြင်ကြမှာပါ။ အဲ့ဒီလို ဖြုန်တီးတာမျိုး သိပ်လုပ်လို့ မရပါဘူး။ ကျွန်တော်တို့က ဒီအုပ်စုမှာ ရှင်သန်ဖို့ ကစားနေတာဖြစ်ပြီး သူတို့ကို အလွတ်ပေးလို့ မရပါဘူး” “ခံစစ်ပိုင်းက ပြည့်စုံခဲ့တာ ကျေးဇူးတင်ရပါမယ်။ ကျွန်တော်တို့ သာခဲ့ပေမဲ့ ပွဲကို အဆုံးသတ်နိုင်ရပါမယ်။ ၁နာရီလောက် ကစားပြီးချိန် ကျွန်တော်တို့ ၃၊ ၄ဂိုးလောက် သွင်းထားနိုင်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဖာတီဟာ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းဖို့ ကြိုးစားနေပြီး အခွင့်အရေး လွဲချော်ခဲ့ခြင်းက ကိုးမန်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမဲ့ သူ့လို အရွယ်မှာ ဒီလိုအမှားတွေ ဖြစ်တတ်ကြောင်း ကိုးမန်းက ဆိုပါတယ်။ “သူ လွဲချော်ခဲ့တာက သူ့မှာ လိုအပ်ချက် ရှိနေသေးတာကို ပြသတာဖြစ်ပြီး ဒါကလည်း ပုံမှန်ပါပဲ။ သူအကြာကြီး ဒဏ်ရာရနေတာကို စဉ်းစားရမှာ ဖြစ်ပြီး ပြန်ကောင်းလာဖို့ အချိန်လိုပါတယ်။ သူ အောက်တိုဘာ ၃၁မှာမှ ၁၉ရက်နေ့မှာလည်း သိဖို့ လိုပါတယ်”

“မက်ဆီ ထွက်သွားလို့ ကျွန်တော်တို့ လိုအပ်နေတာတွေအတွက် သူ့ကို တောင်းဆိုလို့ မရပဲ တစ်ဆင့်ခြင်းစီပဲ သွားရမှာ ဖြစ်ပြီး ဟပ်ချလောင်းတွေ မျှော်လင့်လို့ မရပါဘူး။ သူ ခြေစွမ်းကောင်း ပြန်ရဖို့ အလုပ်လုပ်ရန် လိုပြီး သူ ခုမှ ၁၉နှစ်ရောက်မှာပါ”လို့ ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဖာတီ၊ ကော်တင်ဟို၊ အဂူရိုတို့ ဝင်လာပေမဲ့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပဲ ကိုးမန်းက အဆိုပါ တိုက်စစ်၃ယောက်ကနေ ပိုမျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။

“သူတို့ ဒုတိယပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ် မထင်ပါဘူး။ သူတို့ကြားမှာ နားလည်မှုပိုရှိဖို့ လိုနေပါတယ်။ ကျွန်တော်တို့ ခံစစ်ကို ဖောက်ထွက်တဲ့နေရာမှာ အလုပ်မဖြစ်ခဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် လုပ်ခဲ့ပါတယ်။ သူတို့ လွတ်လွတ်လပ်လပ် ကစားနိုင်ပေမဲ့ အသင်းလိုအပ်တဲ့ စတိုင်နဲ့ ကစားပေးဖို့အတွက်တော့ တာဝန်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

#ဘာစီလိုနာ #အဂူရို #ကိုးလ်မန်း #မက်ဆီ #ကော်တင်ဟို #ဖာတီ