ရှေ့သို့
Image

ချဲလ်ဆီးအတွက် အမြဲအသင့်ရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပြီလို့ ကိုင်ဟားဗက်ဇ် ကြုံးဝါး

10:24 AM, 21 October

ကိုင်ဟားဗက်ဇ်က ယမန်နေ့ည မယ်လ်မိုနဲ့ ပွဲစဉ် အစောပိုင်းမှာ လူစားဝင်လာကာ ခြေစွမ်းပြခဲ့ပြီးနောက်  အသင်းအတွက် အမြဲ အသင့်ဖြစ်ဖို့ စိတ်ထဲမှာ ရှိကြောင်း ပြောခဲ့ပါတယ်။ ကိုင်ဟားဗက်ဇ်ဟာ ယမန်နေ့ပွဲစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူး လူကာကူရဲ့နေရာမှာ ၂၃မိနစ်ကတည်းက လူစားဝင်လာခဲ့တာပါ။

ပွဲထွက်ခွင့်မရခဲ့ပေမဲ့ ဂျာမန်သားဟာ ဒုတိယပိုင်းမှာ ချဲလ်ဆီးအတွက် တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ကိုင်ဟားဗက်ဇ်က “သွင်းဂိုးကောင်း၁ခု သွင်းယူနိုင်ခဲ့ပြီး အိုဒွိုင်းလ်ကလည်း ဖန်တီးမှုကောင်း တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဘောလုံးက အရမ်းဝေးနေပေမဲ့ ကျွန်တော် ရအောင် လိုက်ခဲ့ပါတယ်။ ဂိုးသမား လှဲချမယ်ဆိုတာ သိတဲ့အတွက် ကျွန်တော် ကျော်ဖြတ်တာကသာ အခွင့်အရေး ဖြစ်တယ်လို့ ထင်ခဲ့ပါတယ်”

“ကျွန်တော် အရန်ခုံက ထလာရတာဖြစ်ပြီး အသင်းအတွက် အမြဲအသင့်ဖြစ်နေရပါမယ်။ မထင်မှတ်ထားတဲ့ အချိန်မှာ လူစားဝင်ရလို့ ခက်ခဲပေမဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံး လုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဒါကခံစားချက်ကောင်းပါပဲ” “ကျွန်တော်တို့အတွက် ရလဒ်ကောင်းရခဲ့ပြီး ကိုယ့်ကွင်းမှာ ၄ဂိုးသွင်းနိုင်တာက အရမ်းကောင်းကာ ယုံကြည်မှု ပေးခဲ့ပြီး အခုတော့ စနေညပွဲအတွက် ကစားနို်ငဖို့ အနားယူရပါမယ်”လို့ ပြောခဲ့ပါတယ်။

ကိုင်ဟားဗက်ဇ်ရဲ့ စွမ်းဆောင်ရည်အပေါ် ပီတာ ခရော့ချ်က ၂၂နှစ်သားသာ ပုံမှန် ပွဲထွက်ခွင့်ရရင် တကယ့် အရည်အချင်းကို ပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကိုင်ဟားဗက်ဇ်က တကယ်ကောင်းတဲ့ ကစားသမားပါ။ သူ အသင်းမှာ နေရာရဖို့ တည်ငြိမ်တဲ့ ခြေစွမ်းသာ လိုအပ်ပြီး အခု ဝါနာ၊ လူကာကူတို့ မရှိတော့ သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ပါပြီ”လို့ ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ဟားဗက်ဇ် #ဝါနာ #လူကာကူ