ရှေ့သို့
Image

ပူလီဆစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ခံစားနေရဆဲဖြစ်ကြောင်း တူချယ်ပြောကြား

2:23 PM, 20 October

ချဲလ်ဆီးအသင်းနည်းပြ တူချယ်က ပူလီဆစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ အခြေအနေခံစားနေရဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပူလီဆစ်ဟာ စက်တင်ဘာလတုန်းက ဟွန်ဒူးရပ်စ်အသင်းနဲ့ပွဲပြီးကတည်းက  ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ကာ အခုချိန်အထိ ချဲလ်ဆီးအတွက် ပါဝင်ကစားခွင့်မရသေးတာဖြစ်ပါတယ်။

မယ်လ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပူလီဆစ်မပါဝင်နိုင်ပဲ တူချယ်က ခြေကျင်းဝတ်ဒဏ်ရာအခြေအနေ ခံစားနေရဆဲလို့ ဆိုခဲ့ပါတယ်။

“အတိအကျတော့ ဆရာဝန်မဟုတ်တာကြောင့် ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူဒဏ်ရာအခြေအနေမသက်သာသေးပါဘူး။ 

ခြေကျင်းဝတ်ဒဏ်ရာက နာကျင်နေဆဲပါ။ အဲ့တာက သူ့ကိုနှောက်ယှက်နေဆဲပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ 

ပူလီဆစ်ဟာ ဒီရာသီချဲလ်ဆီးအတွက် ၁ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ကာ ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းနည်းပြ ဘာဟဲလ်တာကလည်း ပူလီဆစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာခံစားနေရဆဲလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနေ့ညမှာ မယ်လ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပူလီဆစ် #တူချယ် #ချန်ပီယံလိဂ် #မယ်လ်မို