တိုက်စစ်ပိုင်းအတွက် လိဒ်စတားကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်
1:15 PM, 20 October
သတင်းတွေအရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် လိဒ်ယူနိုက်တက်စတား ရာဖင်ဟာကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ဆန်ချိုကို ဒေါ့မွန်အသင်းထံကနေ ငွေကြေးအများအပြားနဲ့ ခေါ်ယူခဲ့ပါတယ်။
ရာဖင်ဟာရဲ့အေးဂျင့်ဖြစ်သူ အက်ဒူရာဒိုကလည်း သူ့ကစားသမားကို ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်ကစားသမားက ပေါင် ၃၂ သန်းထက်တော့ ပိုတန်ပါတယ်။ အနည်းဆုံးယူရိုသန်း ၆၀ လောက်တော့ တန်ပါတယ်”လို့ အက်ဒူရာဒိုက ပြောကြားခဲ့ပါတယ်။
ရာဖင်ဟာကတော့ ပြီးခဲ့တဲ့နှစ်တုန်းက လိဒ်ယူနိုက်တက်ကိုပြောင်းလာခဲ့တာဖြစ်ကာ ဘီယဲလ်ဆာလက်အောက်မှာ ခြေစွမ်းပြ ကစားနေပါတယ်။ ဒီရာသီမှာတော့ လိဒ်အတွက် ပရီးမီးယားလိဂ် ၇ ပွဲမှာ ၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။