ရှေ့သို့
Image

လီဗာပူးဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလို့ ပီတာခရော့ချ် အခိုင်အမာဆို

1:12 PM, 20 October

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က အသင်းဟောင်းဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ ဂရစ်ဇ်မန်းအထုတ်ခံခဲ့ရတဲ့ အက်သလက်တီကိုအသင်းကို ဆာလက်၊ ကီတာတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တီကိုကိုအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးဟာ ပြိုင်ပွဲစုံ ၂၁ အထိ မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ပါတယ်။ ခရော့ချ်ကလည်း လီဗာပူးဟာ ဒီရာသီမှာ ဆုဖလား၂ လုံး ရယူနိုင်ဖွယ်ရှိနေတယ်လို့ ထောက်ခံခဲ့ပါတယ်။

“အားနည်းချက်တွေတော့ ဒီနေ့ညမှာ မြင်ခဲ့ရပါတယ်။ ကီတာရဲ့ဂိုးက တကယ်ကောင်းတဲ့ဂိုးပါ။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ရမယ်လို့ ပြောနေကြပေမယ့် လီဗာပူးကတော့ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ၂ ခုစလုံးရမယ်လို့ ကျွန်တော်ခံစားမိနေတုန်းပါ”လို့ ခရော့ချ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကလည်း အင်္ဂလန်အသင်းဖော်ဟောင်းရဲ့ပြောကြားချက်ကို ထောက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက  ကလော့ပ်တစ်ယောက် ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ကို လက်လွှတ်ထားခဲ့ရတာကြောင့် ဆုဖလားတွေကို လက်လွှတ်ခဲ့ရပါတယ်။

#လီဗာပူး #ချန်ပီယံလိဂ် #ပီတာခရော့ချ်