ရှေ့သို့
Image

ဇင်းနစ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဂျ် မသေမချာဖြစ်နေ

7:10 PM, 19 October

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂျ်ဟာ ဇင်းနစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။

နယ်သာလန်လက်ရွေးစင် ဒီလစ်ဂျ်ဟာ ရိုးမားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ကြွက်သားဒဏ်ရာရခဲ့ပြီး အဲဒီပွဲကို လွဲချော်ခဲ့သလို ချန်ပီယံလိဂ်ပွဲကိုပါ ဆက်လက်လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဒီလစ်ဂျ်ဟာ တနင်္လာနေ့က တစ်ဦးတည်း သီးခြားထရိန်နင်ဆင်းခဲ့ရပြီး အဲဒီနောက် ဆေးအဖွဲ့ထံ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဇင်းနစ်နဲ့ပွဲမတိုင်ခင် ယနေ့မှာ ဆေးအဖွဲ့ရဲ့စစ်ဆေးမှုခံယူဦးမှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အကုန်မှာ ကစားရမယ့် အင်တာမီလန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

#စီးရီးအေ #ဒီလစ္ဂ်္