ရှေ့သို့
Image

စပွန်ဆာရဲ့ ဂျင်းအကျီ၊ ဂျက်ကက်တွေကြောင့် မန်စီးတီးကြယ်ပွင့်တွေရဲ့ ဖက်ရှင်တွေ စတိုင်မကျဖြစ်နေခဲ့

4:57 PM, 19 October

မန်စီးတီးကြယ်ပွင့်ကစားသမားတွေ ဖြစ်တဲ့ ကိုင်လီဝေါ်ကာ၊စတာလင်၊ ဒီဘရိုင်းတို့ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ဘရူဂျက်နဲ့ကစားဖို့လာရာတွင် စပွန်ဆာတွေကြောင့် ဂျက်ကက်နဲ့ဂျင်းဘောင်းဘီတွေ ဝတ်ခဲ့ရပြီး စတိုင်မကျ ဖြစ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ချန်ပီယံလိဂ်မှာ ဘရူဂျက်နဲ့ကစားဖို့ ဘယ်လ်ဂျီယံသို့သွားရန် မန်ချက်စတာလေဆိပ်မှာ အထုတ်အပိုးတွေနဲ့အတူ သွားရောက်ရန် ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ကစားသမားအားလုံးဟာ မန်စီးတီးရဲ့ စပွန်ဆာတစ်ခုဖြစ်တဲ့ DSsquard ဂျက်ကက်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကြပြီး ဘောင်းဘီရှည်နေလို့ ၆လက်မလောက် ပြန်ခေါက်တင်ထားရတာ တွေ့ရပါတယ်။

ကစားသမားတော်တော်များများက အနက်ရောင်ဖိနပ်တွေနဲ့ဝတ်ဆင်ခဲ့ကြပြီး စူပါစတားများအားလုံးဟာ အပေါ်က ဝတ်စုံနဲ့ လိုက်ဖက်မှု မရှိခဲ့ကြပါဘူး။

မန်နေဂျာ ပက်ဂွါဒီယိုလာကတော့ လူလည်ကျပြီး သူရဲ့ဂျက်ကက်ကို အတွင်းမှာဝတ်ကာ အပြင်တွင် စီးတီးအကျီကို ဝတ်ဆင်ထားပါတယ်။

အလားတူ ကွင်းလယ်ဖန်တီးရှင် ဒီဘရီုင်းဟာလည်း သူရဲ့ ဂျက်ကက်ကို ခေါက်သိမ်းထားတာကြောင့် အိတ်တစ်လုံး ကိုင်ဆောင်လာရပါတယ်။

လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်အဖွင့်ပွဲမှာ နိုင်ပေမယ့် ပီအက်စ်ဂျီကို ၂ဂိုးပြတ် ရှုံးထားခဲ့တဲ့အတွက် မန်စီးတီးဟာ ဘယ်လ်ဂျီယံတွင် အနိုင်၃မှတ် ရှာဖွေဖို့ လိုအပ်နေပါတယ်။

နည်းပြ ဂွါဒီယိုလာက ပြောရာမှာ "ဘယ်လ်ဂျီယံမှာ အရေးကြီး ပွဲ ရှိပါတယ်။ဘယ်လ်ဂျီယံဆိုတာ နောက်ဆုံး ၁၀နှစ်အတွင်း ထိပ်တန်းအရည်အသွေးရှိ လူငယ်တွေ မွေးထုတ်ခဲ့တယ် နိုင်ငံအသင်းမှာလည်း ကြံခိုင်မှုပိုင်းရော စိတ်ဓာတ်ပိုင်းရော အရည်အသွေးရှိတာတွေ သင်မြင်နိုင်တယ်။ ကွင်းလယ်သမားတွေ နောက်ခံလူတွေက မာမာထန်ထန်ကစားကြတယ်။ သူတို့က ဘောလုံးတိုက်ရိုက်ပေးပို့ကစားပြီး နောက်ဆုံးပင်နယ်တီဧရိယာအတွင်းမှာလည်း အဆုံးသတ်နိုင်တဲ့ အရည်အသွေး ရှိကြတယ်။

ကျွန်တော်တို့ဒါကို ကြိုသိထားပါတယ် ကျွန်တော်တို့ သရေကျတုံန်းကလည်း ဝါး သူတို့က သိပ်ကို ခက်ခဲတဲ့ သူတွေဘဲ လို့ ပြောမိပါတယ် လိုက်ပ်ဇစ်နဲ့ပွဲမှာ သူတို့ရလဒ်ကောင်းတစ်ခု ရခဲ့တယ်။လာမယ့်ပွဲ ၂ပွဲက သူတို့ရော ကျွန်တော်တို့ရော သိပ်ကို အရေးပါတဲ့ ပွဲတွေ ဖြစ်နေတာ သေချာပါတယ်။"

ဟု ပြောပါတယ်။

အမိနိုင်ငံကိုပြန်ကစားသွားရမယ့် ဒီဘရိုင်းကလည်း  "ကျွန်တော် အိမ်ကို ပြန်လာတဲ့အတွက်စိတ်လှုပ်ရှားနေပါတယ် နိုင်ငံအသင်းကနေ ထွက်ခွာလာပြီးနောက်ပိုင်း ပထမဆုံး ပွဲကစားရမှာပါ ဘရူဂျက်က အင့်အားတောင့်တင်းတဲ့အသင်းပါ နိုင်ငံအသင်းမှာ သူတို့ရဲ့ ကစားပုံစတိုင်တွေကို ကျွန်တော်သိထားပါတယ်။ သူတို့ကောင်းစွာ ကစားနိုင်ပြီး အရည်အသွေး အများကြီးလည်း ရှိပါတယ်။

နောက်ဆုံးနှစ်တွေအတွင်းမှာ သူတို့ အမှတ်ပေးချန်ပီယံတစ်ကြိမ်ထက်ပိုပြီး ဖြစ်နိုင်တယ်ဆိုတာ သက်သေပြထားပြီးပြီ။ သူတို့မှာ သေချာပေါက် အရည်အသွေးတွေ ရှိနေတာကြောင့် ကျွန်တော်တို့လျော့တွက်သွားလို့ မရပါဘူး။"

ဟု ပြောကြားသွားခဲ့ပါတယ်။


#မန်စီးတီး #စတာလင် #ဒီဘရိုင်း #ကိုင်လီဝေါ်ကာ #ချန်ပီယံလိဂ်