ရှေ့သို့
Image

ပါရဲယားရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ပေးဖို့ ယူနိုက်တက်ထံ ဖလာမင်ဂို ကမ်းလှမ်း

4:42 PM, 18 October

ဘရာဇီးကလပ် ဖလာမင်ဂိုးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ ကွင်းလယ်လူ အန်ဒရေးပါရဲယားကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ပြောင်းရွှေ့ကြေးကို မတတ်နိုင်တာကြောင့် ဈေးလျှော့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရှိဘရာဇီးကလပ်နဲ့အတူ ပြည်တွင်းလိဂ် ၉ ပွဲထိ ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသလျက်ရှိပါတယ်။ ဖလာမင်ဂို အနေနဲ့ ကစားသမားရဲ့ ခြေစွမ်းကို နှစ်သက်ရင် ရာသီကုန်မှာ ပေါင် ၁၇ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဘရာဇီးကလပ်ဟာ ပါရဲယားရဲ့ ပြောင်းရွှေ့ကြေးကို လာမယ့်အပြောင်းအရွှေ့တွေအတွင်းမှာ လျှော့ပေးစေချင်နေတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာရေး အနေအထားအရ ဖလာမင်ဂိုးအနေနဲ့ ပါရဲယားကို အပြီးသတ် ဝယ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဘရာဇီးကလပ်ရဲ့ တာဝန်ရှိသူတွေက ဖွင့်ဟထားပြီး ဖြစ်ပါတယ်။

ပါရဲယားရဲ့ ယူနိုက်တက်နဲ့ စာချုပ်ကလည်း ၂၀၂၂-၂၃ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပါရဲယား #ဖလာမင်ဂို