ရှေ့သို့
Image

ဗီအဲရာရဲ့ ပဲလေ့စ်ကို အာဆင်နယ် အသင်း အနိုင်ရလိမ့်မယ်လို့ ဒေးဗစ်ဆီးမန်း ခန့်မှန်း

2:19 PM, 18 October

အာဆင်နယ်ဂန္ထဝင်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းက ဗီအဲရာရဲ့ပဲလေ့စ်အသင်းကို အသင်းဟောင်း အာဆင်နယ်က အနိုင်ရရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဗီအဲရာဟာ နွေရာသီတုန်းက ဟော့ဆန်နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင်ဟောင်း ဗီအဲရာဟာ ဒီရာသီမှာရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရခဲ့ရကာ အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ဗီအဲရာဟာ ပွဲတွေကိုအကောင်းဆုံး ချဉ်းကပ်နိုင်နေတာကြောင့် ချီးကျူးမှုတွေရရှိနေပါတယ်။ တနလာၤနေ့မှာလည်း အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ကျွန်တော်သွားနိုင်ဖို့တော့ ဆုတောင်းနေပါတယ်။ ပရိသတ်တွေရဲ့ကြိုဆိုမှုက တကယ့်အံ့မခန်းဖြစ်လာနိုင်ပါတယ်။  ဗီအဲရာက အာဆင်နယ်အသင်းမှာ ၇ နှစ်တာကာလကိုဖြတ်သန်းခဲ့တာပါ။ ပရိသတ်တွေအနေနဲ့ ဗီအဲရာကို ၅ မိနစ်လောက် လက်ခုပ်တီးပေးမယ်ဆို ကျွန်တော်ပျော်မိမှာပါ”လို့ ဆီးမန်းက ပြောကြားခဲ့ပါတယ်။

ဆီးမန်းက အာဆင်နယ်ဟာ ပဲလေ့စ်နဲ့ပွဲမှာ အနိုင် ၃ မှတ်ပြည့်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဘရိုက်တန်ကို သရေသာကစားနိုင်ခဲ့ပါတယ်။

“ဘရိုက်တန်ကတောင် အခွင့်အရေးကောင်းတွေပိုရခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ရှုံးတောင်ရှုံးနိုင်ပါတယ်။ ဒါပေမယ့် အခုပဲလေ့စ်နဲ့ပွဲမှာတော့ ပြန်လာနိုင်ပါလိမ့်မယ်”လို့ ဆီးမန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆီးမန်းက အာဆင်နယ်အနေနဲ့ ဇာဟာကို သတိထားထိန်းရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ #ဒေးဗစ်ဆီးမန်း