ရှေ့သို့
Image

ဂျူဗီဟာ အမှတ်ပေးဇယား နောက်တစ်ဆင့်တက်လာပြီလို့ အယ်လီဂရီထုတ်ဖော်ပြောကြား

12:49 PM, 18 October

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ရိုးမားကိုအနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မိမိတို့အသင်းဟာ နောက်တစ်ဆင့်တိုးတက်လာပြီလို့ ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ရိုးမားကိုအနိုင်ရရှိပြီးနောက် အင်တာမီလန်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

“၁-၀ ဆိုတဲ့ရလဒ်ကို ကျွန်တော်ကြိုက်ပါတယ်။ တကယ်ကောင်းတဲ့ရလဒ်ပါ။ နောက်ထပ်ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။  ရိုးမားက နည်းစနစ်ပိုင်းအရ အရမ်းကောင်းတဲ့အသင်းပါ။ သူတို့က ကျွန်တော်တို့ကို အများကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။  ကျွန်တော်တို့မှာက တန်ပြန်တိုက်စစ်ကောင်းတဲ့ ကစားသမားတွေရှိနေပါတယ်။ ပြီးတော့ အခုနိုင်ပွဲက အရေးကြီးတဲ့နိုင်ပွဲပါ။ အမှတ်ပေးဇယားမှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါပြီ”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းနိုင်ပွဲအတွက် အဓိကနေရာကနေ ပါဝင်ခဲ့ကာ လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဂျူဗင်တပ်စ်အသင်းပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့သေးတာဖြစ်ကာ အင်တာနဲ့အတူ ဖလား ၃ လုံးရခဲ့တာကိုပြသတဲ့အနေနဲ့ ဂျူဗင်တပ်စ်ပရိသတ်တွေကို လက် ၃ ချောင်းထောင်ပြခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ရိုးမား #ဂျူဗီ #အယ်လီဂရီ