ရှေ့သို့
Image

လီဗာပူး ပရိသတ်ကို ဝက်ဖို့ဒ် ပွဲကြည့်လက်မှတ် လက်ဆောင်ပေးခဲ့လို့ ဝေဖန်ခံနေရတဲ့ ဖော်စတာ

10:40 AM, 18 October

ဘင်ဖော်စတာဟာ စနေညက ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းရဲ့ လက်မှတ်ကို လီဗာပူး နာမည်ကြီး ပရိသတ်ကို လက်ဆောင်ပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

UFC ကြယ်ပွင့် ပက်ဓီ ပင်ဘလက်ဟာ အဆိုပါ ပွဲစဉ်အတွှင်း ကွင်းထဲကနေ မောင်းထုတ်ခံခဲ့ရကြောင်း အင်စတာဂရန်ကနေ ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးပရိသတ်ကြီးက ဝက်ဖို့ဒ်ဟာ သောက်ပေါကလပ်ကြီးဆိုပြီး ဗီဒီယိုတစ်ခုနဲ့ အင်စတာဂရန်မှာ တင်ထားခဲ့တာပါ။

ပင်ဘလက်က “ဘင် ဖော်စတာက ကျွန်တော့်ကို လက်မှတ်ပေးခဲ့တာပါ။ ဘယ်မှာထိုင်ရမယ်ဆိုတာကို ကျွန်တော် ရွေးခဲ့တာ မဟုတ်ပါဘူး။ ဘင်ဖော်စတာက ခင်ဗျားကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်ကို တန်းဆင်းစေချင်တယ်။ သူတို့က တော်တော်ဆိုးဆိုးပါ”လို့ ပြောခဲ့ပါတယ်။

အဆိုပါ မှတ်ချက်စကားအပေါ် ဝက်ဖို့ဒ်ပရိသတ်တွေက သဘောမကျပဲ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ဝက်ဖို့ဒ်ကို အားပေးရတာ တော်တော် ရှက်တယ်ဗျာ”လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးက “ရလဒ်နဲ့ စွမ်းဆောင်ရည်က ရှက်စရာပါ။ ပင်ဘလက်နဲ့ ဖော်စတာက ဒီသောက်အသင်းနဲ့ ပတ်သက်ပြီး နောက်၁ဆင့်ကို ရောက်နေပြီ။ မယုံနိုင်စရာပဲ”လို့ ဆိုပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ လီဗာပူးအသင်းက ၅ဂိုးပြတ် အနိုင်ရခဲ့ပြီး ဖော်စတာ၊ ဝက်ဖို့ဒ်တို့အတွက် ရှက်စရာ ပွဲစဉ်၁ပွဲကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဖော်စတာက အဆိုပါ ပွဲစဉ်အတွှင်း တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းခဲ့တဲ့ ဆာလက် ဘောလုံးရတိုင်း စိုးရိမ်နေခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

#လီဗာပူး #ဝက်ဖို့ဒ် #ဖော်စတာ