ရှေ့သို့
Image

၆ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ လူကာကူအတွက် စိုးရိမ်ခြင်းနေမရှိဘူးလို့ တူချယ်ဆို

10:39 AM, 18 October

အသင်းအတွက် ၆ပွဲဆက် ဂိုးပေါက် ပျောက်နေသော်လည်း တစ်ကိုယ်ကောင်းဆန်ခြင်းမရှိတဲ့ လူကာကူအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း တူချယ်က ပြောဆိုလိုက်ပါတယ်။ စနေနေ့က ဘရန့်ဖို့ဒ်နှင့်ကစားခဲ့တဲ့ပွဲမှာ ဝါနာရဲ့ဖြတ်တင်ပေးပို့မှုကို ပိတ်ဆုံကန်သွင်းခဲ့သော်လည်း လူကာကူဟာ လူကျွံနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂိုးသမားဖြစ်သူ မန်ဒီရဲ့ လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘန်ချီဝဲလ်ရဲ့ သွင်းဂိုးကြောင့်သာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့စံချိန်တင် ပေါင် ၉၈ သန်းဖြင့် ခေါ်ယူထားတဲ့ တိုက်စစ်မှုးကတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

တူချယ်ကတော့ ဘယ်လ်ဂျီယံတိုက်စစ်မှုးအတွက် စိုးရိမ်စိတ်မရှိနေတာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ တစ်ကိုယ်ကောင်းမဆန်ကိုတောင် ချီးကျူးပြောဆိုထားပါတယ်။ “ သူက ကြိုးစားနေတယ်ဆိုတာကို သိတဲ့အတွက် ကျွန်တော်ကတော့ မစိုးရိမ်မိပါဘူး။ လူကာကူ၊ ဝါနာတို့နှင့်အတူ ကျွန်တော်တို့က မိနစ် ၆၀ ၇၀ လောက် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ”

“ သူတို့နှစ်ဦးဟာ အသင်းအပေါ် ဖိအားတွေမရောက်ရရှိ ကူညီလုပ်ဆောင်ပေးနေကြတာပါ။ ပြဿနာရှိတာ ဟုတ် သော်လည်း ကျွန်တော်ကတော့ မစိုးရိမ်မိပါဘူး ”  “ ပုံမှန်အားဖြင့် သူဂိုးသွင်းရင်တော့ ကောင်းပါတယ်၊ သို့သော်လည်း သူက တစ်ကိုယ်ကောင်းမဆန်ခဲ့ပါဘူး။ တီမိုကို ကြည့်လိုက်မယ်ဆိုရင် ပုံစံကောင်းရရှိနေပါပြီ ”

“ ဂိုးသွင်းနိုင်မယ့် အနေအထားရှိခဲ့သော်လည်း လူကျွံနေခဲ့ပါတယ် ” လို့ တူချယ်က ပြောပါတယ်။ ဘန်ချီဝဲလ်ရဲ့ သွင်းဂိုးဟာ ပွဲအတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး အင်္ဂလန်နောက်တန်းကစားသမားဟာ နောက်ထပ် တစ်ကြိမ် အကောင်းဆုံးခြေစွမ်းပြကစားလိုက်တာဖြစ်ပါတယ်။ အလွန်ဆိုက ပုံစံကောင်းတွေရရှိနေတာဖြစ်တဲ့အတွက်ကြောင့် လက်စတာစီးတီးကစားသမားဟာ ချဲလ်ဆီးအသင်း ရဲ့ အဖွင့်ပွဲစဉ်အချို့မှာ မပါဝင်ခဲ့ရတာဖြစ်ပါတယ်။

ဘန်ချီဝဲလ်ဟာ ဆောက်သမ်တန်နှင့်ပွဲမှာ ဂိုးသွင်ယူခဲ့သို အခု ဘရန့်ဖို့ဒ်နှင့်ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တဲ့ အတွက် တူချယ်အဖို့တော့ စိတ်ကျေနပ်စရာပါ။ “လိုအပ်နေတဲ့ အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့အတွက် ပျော်ရွင်မိပါတယ်။ လူတိုင်းကို ကျွန်တော်တို့လိုအပ်ပါတယ် အထူးသဖြင့် ဘန်ချီဝဲလ်လို ကစားသမားမျိုးက ခြေစွမ်းပြနေပြီး ဒီလိုဖြစ်ဖို့ဆိုတာကလည်း တွန်းအားပေးလို့မရပါ ဘူး ”

“ ဆောက်သမ်တန်နှင့်ပွဲမှာလည်း အခွင့်အရေးရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် ကစားကာ ဂိုးသွင်းယူနိုင်ခဲ့တာ က ပိုပြီး ယုံကြည်မှုရှိလာစေခဲ့ကာ ဒီနေ့မှာလည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ် ” “ သူက ပုံစံကောင်းရရှိနေပြီး ကျွန်တော်တို့အသင်းက ပြိုင်ပွဲစုံမှာ ပွဲစဉ်များစွာကို ကစားရမှာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့အကောင်းဆုံးပုံစံကို လိုအပ်ပါတယ်။ ဒါဟာ အဆုံးအဖြတ်ဂိုးဖြစ်ပြီး သူ့အတွက်လည်း ယုံကြည်မှုတိုးလာစေ တာဖြစ်တဲ့အတွက် ကျွန်တော်ပျော်ရွင်မိပါတယ် ” လို့ တူချယ်က ပြောပါတယ်။

နောက်ဆုံး မိနစ် ၂၀ မှာ ဘရန့်ဖို့ဒ်ဟာ ချဲလ်ဆီးအသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသမား မန်ဒီက ဂိုးပေါက်ကာကွယ်မှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ “ ဒီလိုအခွင့်အရေးကို ကြည့် ကြည့်လိုက်ပါ ကျွန်တော်က ခက်သွက်သွက်ကလေး ကန်ခဲ့တာပါ။ ဒါပေမဲ့ ဂိုးသမားက အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်”

“ သူက အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး နောက်ဆုံး မိနစ် ၂၀ မှာ သူ့ရဲ့အသင်းအတွက် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ ပါတယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ သေချာပေါက်ဂိုးဝင်မှာပါ ” “ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်းက အကောင်းဆုံးပုံစံရှိခဲ့တယ်လို့ ထင်ပါတယ်၊ တစ်သင်းစီက တစ်ပိုင်းစီမှာ ကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ် ”

“ ကျွန်တော့်တို့က ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူးနှင့် ပွဲမှာလည်း ကျွန်တော်တို့က အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး အဲ့ဒီပွဲကနေ ယုံကြည်မှုတွေအများကြီးရရှိခဲ့ပါတယ် ” လို့ နော့ဂရက်ဒ်က ဘရန့်ဖို့ဒ်အသင်းရဲ့ တရားဝင်ဝက်ဆိုက်ဒ်သို့ ပြောပါတယ်။

#ချဲလ်ဆီး #ဘရန့်ဖို့ဒ် #မန်ဒီ #လူကာကူ #တူချယ်