ရှေ့သို့
Image

ဖာတီ ဘာစီလိုနာမှာ နှစ်တွေအများကြီး ကစားဖို့ မျှော်လင့်ထားကြောင်း ရော်နယ်ကိုးမန်း ဆို

9:31 AM, 18 October

ရော်နယ် ကိုးမန်းက ယမန်နေ့ည ဗလန်စီယာကို ၃-၁ဂိုးနဲ့ နိုင်ခဲ့အပြီး မီဒီယာတွေနဲ့ ပြန်လည် တွေ့ဆုံကာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

ကိုးမန်းက ဖာတီနဲ့ ပတ်သက်ပြီး ပြောရာမှာ “ဖြည်းဖြည်းချင်း တိုးတက်လာနေပြီး ကြံ့ခိုင်မှုပိုင်းအရ တိုးတက်ဖို့ လိုပေမဲ့ အရည်အသွေးတွေက ငြင်းပယ်လို့ မရပါဘူး။ ဒီနေ့ သူ ၁နာရီကြာ ကစားခဲ့ပြီး ဟန်ချက်တွေ ပြန်ညီလာခဲ့ပါတယ်။ သူ ဒီအသင်းမှာ အချိန်အကြာကြီး ကစားဖို့ မျှော်လင့်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အစီအစဉ်တွေ ရှိပါတယ်။ ဒါကသူ့ရဲ့ ပထမအစပဲ ရှိပါသေးတယ်။ နည်းနည်းချင်း သူ တိုးတက်လာမှာ ဖြစ်ပြီး အသင်းအတွက် အရေးပါလာမှာပါ။ သူက အခြား ကစားသမားတွေနဲ့ ကွဲပြားပါတယ်။ သူ့ကို ၁နာရီလောက် ပေးကစားဖို့ ဆေးအဖွဲ့နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ကျွန်တော်သာဆိုရင်တော့ သူ့ကို လူလဲမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

အဂူရိုနဲ့ ပတ်သက်ပြီး ကိုးမန်းက “ဒဏ်ရာရနေတဲ့ တိုက်စစ်မှူးတွေ အသင်းမှာ ပြန်ကစားနိုင်ဖို့က အရေးကြီးပါတယ်။ အန်ဆုနဲ့ အဂူရိုတို့က ထူးခြားတဲ့ အရည်အသွေးတွေနဲ့ မတူညီတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ အဂူရိုမှာကတော့ အတွေ့အကြုံ ပိုများတာပေါ့။ သူ အန်ဆုလိုပဲ ခြေစွမ်းပြနိုင်မယ့် လမ်းကြောင်းပေါ် ရောက်မယ် ထင်ပါတယ်။ အဲ့ဒါက အရည်အသွေးနဲ့ မဆိုင်ပဲ ကြံ့ခိုင်မှုကောင်းမွန်ခြင်းနဲ့သာ သက်ဆိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဗလန်စီယာ #ကိုးလ်မန်း #ဖာတီ