ရှေ့သို့
Image

မန်ဒီရဲ့ မုဒိန်းမှုမှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရဖွယ်ရှိနေတဲ့ ဂရီးလစ်ချ်နဲ့ မာရက်ဇ်

3:31 PM, 17 October

မန်စီးတီးကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ဂရီးလစ်ချ်နဲ့ မာရက်ဇ်တို့ဟာ အသင်းဖော်ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီ မုဒိန်းမှုကျူးလွန်တယ်လို့ စွဲချက်တင်ခံရမှုမှာ အဲဒီလိုမကျူးလွန်ခင် နာရီပိုင်းအလို နိုက်ကလပ်မှာ မန်ဒီနဲ့ အတူရှိနေခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ကမ္ဘာ့ဖလားချန်ပီယံ မန်ဒီဟာ မုဒိန်းမှုနဲ့ စွဲချက်တင်ခံထားရပြီး နှစ်သစ်မှာ လုပ်မယ့် ရုံးတင်စစ်ဆေးမှုမတိုင်ခင် ထောင်ကျနေရပါတယ်။

စွဲချက်တွေအရ မန်ဒီဟာ သြဂုတ်လ ၂၃ ရက်နေ့၊ အစောပိုင်းက သူ့နေအိမ်မှာ အသက် ၁၇ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မကျူးလွန်ခင် နာရီပိုင်းအလိုမှာ မန်ဒီဟာ မန်ချက်စတာရှိ ချိုင်းနားဝှိုက်မှာ အသက် ၂၆ နှစ်အရွယ်ရှိ ဂရီးလစ်ချ်၊ အသက် ၃၀ အရွယ်ရှိ မာရက်ဇ်တို့နဲ့ အတူရှိနေခဲ့တာပါ။

ဒီအတွက်ကြောင့် သူတို့နှစ်ယောက်ကို ရဲတပ်ဖွဲ့က မျက်မြင်သက်သေတွေအဖြစ် မေးမြန်းဖွယ်ရှိနေပေမယ့် အဲဒီဖြစ်ရပ်မှာ ပါဝင်တယ်လို့ စွပ်စွဲတာမဟုတ်သလို ပြစ်မှုဖြစ်ပွားခဲ့တဲ့ ချက်ရှိုင်းယားရှိ မန်ဒီရဲ့နေအိမ်မှာ ရှိနေတယ်ဆိုတဲ့ သဘောလည်း မသက်ရောက်ကြောင်း သိရပါတယ်။

#မန်စီးတီး #မန်ဒီ #ဂရီးလစ်ရှ် #မာရက်ဇ်