ရှေ့သို့
Image

ကစားသမားဘဝကုန်ဆုံးချိန်အထိ လီဗာပူးမှာ ဆာလက်ဆက်ရှိမယ်လို့ နဗီးလ် မထင်

2:27 PM, 17 October

လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်အနေနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပေမယ့် အန်ဖီးလ်မှာ ကစားကြီး ဆက်ကစားလိမ့်မယ်လို့ မထင်မိကြောင်း ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။ ဆာလက်ဟာ ပွဲစဉ် ၂ခုဆက် အကောင်းဆုံးဂိုးတွေသွင်းယူနိုင်ခဲ့ပြီး လီဗာပူးအသင်းက အသက် ၂၈ နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် အဆင်မပြေသေးသလို နဗီးလ်ကလည်း လာမယ့်နှစ်အနည်းငယ်အတွင်း ဆာလက် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ဆိုပါတယ်။

''ကစားသမားဘဝကုန်ဆုံးတဲ့အချိန်အထိ လီဗာပူးမှာပဲ ဆာလက် ဆက်ကစားလိမ့်မယ်လို့ မထင်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ။ မှားလည်း မှားနိုင်ပါတယ်။ သူသာ ထွက်ခွာသွားရင် ပရီးမီးယားလိဂ်လည်း အားလျော့သွားနိုင်ပါတယ်'' ''ဆာလက်အနေနဲ့ ရီးရဲလ်မှာ ကစားချင်နေပါလိမ့်မယ်။ လက်ရှိအချိန်က ဘာစီလိုနာနဲ့ ရီးရဲလ်တို့အတွက် ကြီးကျယ်တဲ့ကာလမဟုတ်ပေမယ့် ဆာလက်အနေနဲ့ ကစားသမားဘဝကနေ အနားမယူခင် အဲဒီလိုအသင်းတွေမှာ ကစားချင်နေပါလိမ့်မယ်''

''သူ့အနေနဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ရီးရဲလ် တစ်သင်းသင်းစီ ရောက်သွားနိုင်ပါတယ်''လို့ နဗီးလ်က ပြောပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကတော့ အသင်းဖော်ဟောင်းနဲ့ အမြင်မတူဘဲ ဆာလက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်ရင် လီဗာပူးမှာပဲ ဆက်ကစားရလိမ့်မယ်လို့ ဆိုပါတယ်။

#လီဗာပူး #ဆာလက် #ပေါလ်စခိုးလ် #ဂယ်ရီနဗီးလ် #နဗီးလ်