ရှေ့သို့
Image

အတူတွဲကစားလို့မရတဲ့ ယူနိုက်တက် ကစားသမား ၅ ယောက်ကို ပြောပြခဲ့တဲ့ နဗီးလ်

2:16 PM, 17 October

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ၄-၂ ဆိုတဲ့ ဂိုးပြတ်အရှုံးရလဒ်ကို ရရှိခဲ့ပီးနောက် နည်းပြ အိုးလီဂန်နာဆိုးလ်ရှားရဲ့ အသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရရှိထားပါသေးတယ်။ နဗီးကတော့ လက်ရှိယူနိုက်တက်ဟာ တည်ငြိမ်မှုမရှိပဲ မေဆင်ဂရင်းဝုဒ်၊ ဂျေဆန်ဆန်ချို၊ ပေါလ်ပေါ့ဂ်ဘာ၊ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကအစ နားလည်မှုတွေ လွဲပြီး ကွင်းထဲမှာ အဓိက ပြဿနာဖြစ်နေကြတယ်လို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

နဗီးလ်က “ သူတို့ခြေစွမ်းက ကောင်းတယ်ဆိုရုံလေးပါပဲ၊ အခုပုံစံအတိုင်းဆိုရင် ရှေ့လျှောက်လည်း ရုန်းကန်နေရဦးမှာပဲ။ တစ်ရာသီလုံး ဒီပုံစံအတိုင်း သွားရင်တောင် သွားနိုင်တယ်။ ကြည့်ရတာ တကယ့်ကို အားမရနိုင်တော့ဘူး။ နည်းစနစ်ပိုင်း အရမ်းကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့တဲ့အချိန်မှာ အားနည်းချက်တွေက ထင်းကနဲပဲ။ ဗီလာနဲ့ပွဲတုန်းကလည်း ဒီအတိုင်းပဲ၊ အဲဗာတန်နဲ့လည်း ဒီပုံပဲ၊ ဗီလာရီးရဲလ်နဲ့ နိုင်မယ့်လို့သာ နိုင်သာဒီခြေ ဒီကစားကွက်ပဲ”

“ဒီနေ့ပွဲမှာဆိုရင် ဂရင်းဝုဒ်၊ ဆန်ချို၊ ပေါ့ဂ်ဘာ၊ ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်က တစ်သင်းတည်း ကစားနေတဲ့သူတွေရော ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်။ ပြီးတော့ ခံစစ်မှူးတွေကိုလည်း မပြောလို့မရတော့ဘူး။ ဒီကစားသမားတွေကို ကျွန်တော်တကယ်သဘောကျပါတယ် ဒါပေမယ့် တစ်သင်းတည်း ကစားပြီး အတွဲမမိတာကြီးကတော့ ဆိုးလွန်းတယ်လေ။ ဒူပေနာပေခံတဲ့ကောင်းတွေ တစ်ယောက်မှမပါဘူး”

“ကျွန်တော်တို့ခေတ်ကဆို ဒါရင်းဖလက်ချာ၊ ဂျွန်အိုရှေး၊ နစ်ကီဘတ်၊ တွမ်ကလီဘာလေ ပြီးတော့ ကျွန်တော်ပေါ့ ဒီ ၅ ယောက်က တစ်ပွဲတည်း တွဲကစားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသူသေကိုယ်သေချဖို့ အမြဲအသင့်ဖြစ်နေတဲ့ သူတွေချည့်ပဲ။ လက်ရှိယူနိုက်တက်မှာ ဒီလိုကောင်တွေ မရှိတော့ အသင်းက ဘက်မညီတော့ဘူး”

“မန်ချက်စတာယူနိုက်တက်ဆိုတဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုမျိုး လိုချင်တယ်ဆိုရင်တော့ ပြောင်းလဲဖို့လိုတယ်။ ဒီနေ့ပွဲရလဒ်ကိုတော့ မအံ့သြဘူး၊ ဒီပွဲနိုင်ရင်တောင်မှ ခြေစွမ်းမှမကောင်းတာ ရှုံးသွားတာပဲ ကောင်းတယ် ” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ လီဗာပူး၊ တော့တင်ဟမ်၊ မန်ချက်စတာစီးတီးတို့ဖြစ်နေသလို ကြားရက်မှာလည်း အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ရှိနေပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ပေါ့ဂ်ဘာ #ဖာနန်ဒက်စ် #ဆန်ချို #ရော်နယ်ဒို #နဗီးလ်