ရှေ့သို့
Image

စတိဗ်ဘရုစ်ကို တော့တင်ဟမ်နဲ့ ပွဲအတွက် နည်းပြအဖြစ် ဆက်ထားမယ့် နယူးကာဆယ်အသင်း ပိုင်ရှင်သစ်များ

3:10 PM, 16 October

အသင်းကို ဝယ်ယူပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် တော့တင်ဟမ်နှင့်ကစားမယ့်ပွဲမှာ စတိဘရုစ်ကသာ အသင်းကို ကိုင်တွယ်သွားမှာဖြစ်ကြောင်း နယူးကာဆယ်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူ အက်မန်ဒါစတိလေက ပြောပါတယ်။ ဒီတစ်ပတ်မှာပဲ ဘရုစ်ဟာ ထုတ်ပယ်ခြင်းခံရမယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပြီး ကြာသပတေးနေ့ညက သတင်းတွေ အရ ဒီတစ်ပတ်မှာအသင်းကို ဘယ်သူက ကိုင်တွယ်မလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

“စီးပွားရေးဆိုင်ရာ ကိစ္စတွေကိုလုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကျွန်မတို့က အရမ်းကိုအလုပ်ရှုပ်နေတာပါ၊ အားလုံးရဲ့မျှော်လင့်ချက်တွေကို သိရှိသော်လည်း ကျွန်မတို့ရဲ့ချဉ်းကပ်မှုကိုတော့ စိတ်ရှည်ရမှာဖြစ်ပါတယ်။ ပြောင်းလဲမှုကတော့ တစ်ညတည်းနဲ့ လုပ်လို့မရပါဘူး၊ အချိန်လိုအပ်ပါတယ်၊ နည်းဗျူဟာနဲ့ အစီစဉ်ချဖို့အတွက် ဂရုတစိုက်ဆောင်ရွက်ရပါတယ်။ တနင်္လာနေ့က စတိဘရုစ်အပါအဝင် ကစားသမားတွေနဲ့ တွေ့ဆုံပြီးပါပြီ၊ နောက်ပြီး ဒီတစ်ပတ်မှာ ကစားမယ့် အရေးကြီးတဲ့ပွဲစဉ်အတွက် သူ့ကိုပြင်ဆင်ဖို့အတွက် အချိန်လည်းပေးထားပါတယ်”

“နည်းပြနဲ့ဆက်သွယ်ပြောဆိုရာမှာ ဘရုစ်က အရမ်းကိုပရော်ဖက်ရှင်နယ်ကျတဲ့သူဖြစ်ပြီး သူနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင် တွေက တနင်္ဂနွေနေ့မှာ အသင်းကို ကိုင်တွယ်သွားမှာပါ။ ရှေ့ဆက်ပြီး ပြောင်းလဲမှုတွေလုပ်ခဲ့မယ်ဆိုရင် ဘရုစ်က အရင်ဆုံးသိရမှာဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ နည်းပြ ဘဝ ပွဲ ၁၀၀၀ မြောက်ပွဲစဉ်အတွက် ကံကောင်းစေဖို့ ဆုတောင်းပေးနေပါတယ်။ အသင်းရဲ့နောက်ကွယ်ကနေ ကျွန်မတို့က ဆက်သွယ်ပံ့ပိုးပေးနေမှာပါ။ ကျွန်မတို့ကို နွေးထွေးစွာကြိုဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိန့်ဂျိမ်းစ်ပက်ခ်ကပွဲစဉ်ကို ကြည့်ရှုဖို့ ကျွန်မတို့ က မစောင့်နိုင်တော့ပါဘူး”လို့ အက်မန်ဒါစတိလေက ပြောပါတယ်။

#တော့တင်ဟမ် #နယူးကာဆယ် #စတိဗ်ဘရုစ်