ရှေ့သို့
Image

အာဆင်နယ်က အသင်းပိုင်ရှင်ပြောင်းဖို့လိုကြောင်း ဗီအဲရာ ထောက်ခံ

2:57 PM, 16 October

ပဲလေ့စ်နည်းပြ ပက်ထရစ်ဗီအဲရာကတော့ အာဆင်နယ် ကစားသမားဟောင်း တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သူ့ရဲ့အသင်းဟောင်းဟာ ဘီလီယံနာ ဒန်နီရယ်အက်ခ်ထံ ချက်ချင်း လွှဲပြောင်းပေးဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဂန္တဝင်ကွင်းလယ်လူ ဗီအဲရာဟာ လက်ရှိအသင်းပိုင်ရှင် စတန်ခရွန်ကီလက်ထဲက အာဆင်နယ်ကို Spotify တည်ထောင်သူ အက်ခ်ထံ ရောင်းချမှုကို ထောက်ခံခဲ့တဲ့ တတိယမြောက် အာဆင်နယ်ဂန္တဝင်ဖြစ်လာပါတယ်။ ဒီလိုပိုင်ရှင်အပြောင်းအလဲကို သီယာရီအွန်နရီနဲ့ ဒင်းနစ်ဘားကမ့်တို့ကလည်း ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဗီအဲရာက “ ကျွန်တော့်ကိုယ် ကျွန်တော်အာဆင်နယ် ကစားသမားဟောင်း တစ်ယောက်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ အာဆင်နယ်လို အသင်းမျိုးကို လုံးဝကိုပြောင်းလဲပေးနိုင်မယ့်သူဆိုရင်တော့ ပိုင်ရှင်အပြောင်းအလဲလည်း ပြုလုပ်သင့်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒင်းနစ်နဲ့ သီယာရီက အာဆင်နယ်ကို အဲ့ဒီလိုဖြစ်စေချင်ကြတာပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ဗီအဲရာအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ ၂၀၀၄ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာသွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရိသတ်တွေက တော်တော်လေး မခံမရပ်နိုင် ဖြစ်နေကြပါတယ်။ ဒန်နရီအက်ခ်က အာဆင်နယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပြီးနောက် ဗီအဲရာက သူ့အနေနဲ့ စိုးရိမ်စရာမရှိတဲ့ပုံပါပဲ။

လက်ရှိ ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ်နဲ့လည်း သူ့ရဲ့အသင်းဟောင်း တနင်္လာနေ့မှာ ပြန်လည်ရင်ဆိုင်ရဦးမှာဖြစ်လို့ အခြေအနေတွေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါပြီ။ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းက “လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ကျွန်တော်က မတူညီတဲ့နေရာတစ်ခုကို ရောက်သွားပါပြီ။ အဲ့ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော်အရင်ကလို သဘောထားနေလို့ မရတော့ဘူး။ ကျွန်တော်က သာမန်အာဆင်နယ် ကစားသမားဟောင်း တစ်ယောက်သက်သက်ပါပဲ။ လက်ရှိအာဆင်နယ်ရဲ့ အခြေအနေက ရှင်းပါတယ်၊ ခရွန်ကီမိသားစုကိုယ်တိုင်က အာဆင်နယ်ဟာ ရောင်းဖို့မဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ဒီလောက်ဆို အားလုံးအဆုံးသတ်သွားပြီလို့ ထင်ပါတယ်။ ဘောလုံးအသင်းတစ်သင်းက ရောင်းဖို့မဟုတ်ရင် အဲ့ဒီအသင်းကို အတင်းသွားဝယ်နေလို့ မရပါဘူး” ဆိုပြီး ပြောသွားခဲ့ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ