ရှေ့သို့
Image

အယူခံအောင်မြင်ပြီးနောက် အတ္တလန္တာနဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတဲ့ ဝမ်ဘစ်ဆာကာ

11:02 AM, 16 October

ယူနိုက်တက်အသင်းနောက်ခံလူ ဝမ်ဘစ်ဆာကာတစ်ယောက် အယူခံအောင်မြင်ခဲ့တာကြောင့် အတ္တလန္တာနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ညာနောက်ခံကစားသမားဟာ ယူအီးအက်ဖ်အေထံ ယူနိုက်တက် အယူခံဝင်မှုအောင်မြင်ခဲ့တာကြောင့် ၂ ပွဲကနေ ၁ ပွဲကို လျော့ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် လာမယ့်ကြားရက် အတ္တလန္တာနဲ့ပွဲမှာ ဝမ်ဘစ်ဆာကာတစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။ အသက် ၂၃ နှစ်သားဟာ ဗီလာရီးရဲလ်နဲ့ပွဲကို လွဲချော်ထားပြီးဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာဟာ ပြီးခဲ့တဲ့လတုန်းက ယန်းဘွိုင်းလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲရဲ့ပထမပိုင်းမှာ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအနီကတ်ကြောင့် ၂ ပွဲပယ်ခံခဲ့ရပေမယ့် ယူနိုက်တက်ဟာ အယူခံဝင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ၁ ပွဲသာ ပယ်ခံခဲ့ရပါတယ်။ ယူနိုက်တက်နောက်တန်းမှာ မက်ဂွါရီ နဲ့ ဗာရာနီတို့ ဒဏ်ရာအသီးသီးရရှိနေတာကြောင့် ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ကြားရက်မှာ အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဲ့နောက်မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အတ္တလန္တာ #ဝမ်ဘစ်ဆာ