ရှေ့သို့
Image

ချဲလ်ဆီးအသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ လူကာကူ

12:24 PM, 15 October

အီတလီကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံအတွက် ကစားပေးရင်း ကြွက်သားဒဏ်ရာ အနည်းငယ်ရရှိခဲ့တဲ့ လူကာကူဟာ ကြာသပတေးနေ့တုန်းက ချဲလ်ဆီးအသင်းနဲ့အတူ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လူကာကူဟာ ကြာသပတေးနေ့တုန်းက ပြင်သစ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေးရှင်းလိဂ်ပွဲဖြစ်တဲ့ အီတလီအသင်းနဲ့ပွဲမှာတော့ မပါဝင်ခဲ့ပဲ လူစာရင်းကနေ နှုတ်ထွက်ခဲ့ကာ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ ချဲလ်ဆီးကလည်း လူကာကူရဲ့ ဒဏ်ရာအခြေအနေဟာ အရမ်းမဆိုးဘူးလို့ ယုံကြည်နေပြီး စနေနေ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးဟာ လူကာကူတစ်ယောက် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံတွေကိုလည်း မျှဝေခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ ဟာဗက်ဇ် နဲ့ဝါနာတို့လည်းပါဝင်ခဲ့ကာ ရူဒီဂါကတော့ နောက်ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ ရူဒီဂါအပြင် သီယာဂိုဆေးလ်ဗားလည်း ဘရာဇီးအသင်းအတွက် ပါဝင်ကစားပေးခဲ့တာကြောင့် ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

#အီတလီ #လူကာကူ #ရူဒီဂါ #ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ဝါနာ