ရှေ့သို့
Image

နိုင်ငံအသင်းကနေ ဒဏ်ရာနဲ့ ပြန်လာခဲ့တဲ့ အလာဘာ အယ်ကလက်စီကိုပွဲစဉ် မပါဝင်နိုင်မှာ စိုးရိမ်နေတဲ့ ရီးရဲလ်မက်ဒရစ်

11:27 AM, 15 October

အလာဘာဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ကစားပေးရင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြန်လာ ခဲ့ကာ အခုတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်၊ ဘာစီလိုနာနှင့်ကစားမယ့် ကလက်စီကိုပွဲစဉ်တို့ကို လွဲ ချော်ရတော့မှာဖြစ်ပါတယ်။ ဝါရင့်နောက်တန်း ကစားသမားဟာ နိုင်ငံအသင်းအတွက် ၂ပွဲကစားပေးခဲ့တာဖြစ်ပြီး ဒိန်းမတ်၊ ဖာရိုကျွန်းစုများ အသင်းတို့နှင့်ကစားခဲ့တဲ့ပွဲများမှာ ပွဲချိန်ပြည့် ကစားခဲ့တာဖြစ်ပါတယ်။

အခုတော့ သူဟာ စပိန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ်ကုသမှုတွေလုပ်ဆောင်ဖို့အတွက် ဆေးစစ်မှု တွေလုပ်နေပြီဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် နွေရာသီက ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွေ့ကြေး ဖြင့်ပြောင်းလာခဲ့တဲ့ အလာဘာဟာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာအခြေအနေကို ကောင်းကောင်းသိရှိဖို့အတွက် ဆေးစစ်မှုတွေပြုလုပ်ဖို့က လိုအပ်မှာဖြစ်ကာ ကြာသပတေး နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုတော့ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာအရမ်းကြီးမဆိုးရွားဖို့ မျှော်လင့်နေပြီး အခြေအနေကောင်းပါက အင်္ဂါနေ့ ရှက်တာဒိုးနက်နှင့် ကစားမယ့်ပွဲမှာ ပါဝင်ကစားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

အသင်းအတွက် သတင်းကောင်းကတော့ ရီးရဲလ်မက်ဒရစ်ဟာ လက်ရွေးစင်အသင်းအတွက် သွားရောက်စားပေး နေတဲ့ ကစားသမားတွေကို အလျင်စလိုခေါ်ယူသွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ပတ်မှာကစားမယ့် အက်သလက်တစ်ကလပ်နှင့်ပွဲဟာ တောင်အမေရိကနိုင်ငံသား ကစားသမားတွေပြန်လာတာ နောက်ကျမှာဖြစ်တဲ့အတွက် ရွေ့ဆိုင်းထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ယှဉ်ပြိုင်ကစားနိုင်ဖို့အတွက် အလာဘာဟာ အောက်တိုဘာ ၁၉ ရက်နေ့အထိ အချိန်ရပြီး နည်းပြ အန်ဆယ်လော့တီကတော့ ယူကရိန်းသို့ သွားရောက်မယ့်ပွဲမှာ သူ့ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာ သူဟာ မပါဝင်နိုင်ခဲ့ပါက အောက်တိုဘာလ ၂၄ ရက်နေ့ ပြိုင်ဘက်ဟောင်းကြီး ဘာစီလိုနာနှင့် ကစားမယ့်ပွဲအတွက် သေချာပေါက်ပြန်လည်ကစားပေးနိုင်ဖို့ ရီးရဲလ်ကတော့ မျှော်လင့်နေပါတယ်။

#ဘာစီလိုနာ #အလာဘာ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ