ရှေ့သို့
Image

နိုင်ငံအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရခဲ့လို့ ၆ပတ်ခန့် နားရတော့မယ့် မန်စီးတီးတိုက်စစ်မှူး တောရက်စ်

11:02 AM, 15 October

မန်စီးတီးတိုက်စစ်မှုး ဖာရန်တောရက်စ်ဟာ ခြေဖဝါးဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရတော့မှာ ဖြစ်ပါတယ်လို့ ကစားသမားနှင့်နီးစပ်သူများက ပြောထားပါတယ်လို့ Goal ကဖော်ပြထားပါတယ်။ စပိန်နိုင်ငံသားဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အီတလီအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရရှိခဲ့ သော်လည်း ပြင်သစ်နှင့်ကစားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာပါ ဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။

တောရက်စ်ဟာ ကလပ်ရဲ့အရေးကြီးပွဲတွေဖြစ်တဲ့ ချန်ပီလိဂ်ပွဲစဉ်အဖြစ် ကလပ်ဘရူဂီနှင့်ကစားမယ့် နှစ်ကျော့စလုံး နှင့် ယူနိုက်တက်နှင့်ကစားမယ့် မန်ချက်စတာ ဒါဘီ အစရှိတဲ့ပွဲစဉ်တွေအားလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ နွေရာသီမှာ အဂူရိုထွက်ခွာသွားခဲ့သော်လည်း မန်စီးတီးဟာ တိုက်စစ်မှုးဖြည့်တင်းခဲ့ခြင်းမရှိခဲ့ဘဲ နည်းပြ ဂွါဒီယိုလာ ရဲ့ လက်အောက်မှာ တောရက်စ်က တိုက်စစ်မှုးအဖြစ် ကစားနေတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က ဗလင်စီယာကနေ တောင်ပံကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ်ကစား သမားဟာ ပထမဆုံးပွဲထွက်ရာသီမှာ ၁၃ ဂိုးသွင်းယူခဲ့ပြီး လက်ရှိရာသီမှာတော့ အသင်းအတွက် ၇ ပွဲကစားထားကာ ၃ ဂိုးသွင်းယူပေးထားပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာနေတုန်းဖြစ်တဲ့ အကယ်ဒမီထွက်တိုက်စစ်မှုးဖြစ်သူ ဒီလပ် က လည်း စနေနေ့ ဘန်လေနှင့်ပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

ဘရာဇီးနိုင်ငံသားဟာ ဂျီးဆပ်က အသင်းမှာ အရေးပါတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်လာခဲ့သော်လည်း တိုက်စစ်မှုးတစ်ဦးအဖြစ် ရွေးချယ်လို့ရပါသေးတယ်လို့ ဂွါဒီယိုလာက ပြောထားပါတယ်။ သို့သော်လည်း သူဟာ ဘရာဇီးရဲ့  ဥရုဂွေးနှင့်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးနောက် နည်းဆုံး ၃၆ နာရီအကြာမှ ရောက်လာမှာဖြစ်တဲ့အတွက် ဘန်လေနှင့်ပွဲမှာ ပါဝင်ဖို့က မသေချာသေးပါဘူး။

စတာလင်ကတော့ ရွေးချယ်ခြင်းခံရဖို့ရှိနေပြီး ချဲလ်ဆီး၊ လီဗာပူးတို့နှင့်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဖိုဒန်နှင့် ဂရီးလစ်ချ် တို့က false nines အဖြစ် ကစားခဲ့ကြတာဖြစ်ပါတယ်။ တောရက်စ်က မန်ချက်စတာသို့ ပြန်လည်ရောက်ရှိနေပြီး ဆေးစစ်ချက်အဖြေအရ ညာဖက်ခြေဖဝါးမှာ ကျိုးအက်ခဲ့ ပါတယ်။ ဒါကြောင့် သူဟာ အနည်းဆုံး နိုဝင်ဘာလလယ်လောက်အထိ ကစားနိုင်သေးမှာမဟုတ်ဘဲ စပိန်အသင်းရဲ့ ဂရိ၊ ဆွီဒင်တို့နှင့်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကိုပါ လွဲချော်နိုင်ပါတယ်။

#မန်စီးတီး #ဒါဘီ #ဂွါဒီယိုလာ #ဖာရန်တောရက်စ်