ရှေ့သို့
Image

ဘရုဂျက် တောင်ပံကစားသမားကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ အာဆင်နယ် ပြင်ဆင်နေ

12:48 PM, 14 October

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘရုဂျက် တောင်ပံကစားသမား နိုအာလန်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ၂၂နှစ်သားဟာ ယမန်နှစ်ရာသီ အေဂျက်စ်ကနေ အငှားလာကစားကာ ခြေစွမ်းပြခဲ့ပြီးနောက် ဘရုဂျက်က ယခုနှစ်နွေရာသီကမှ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လန်းရဲ့ ခြေစွမ်းကောင်း ပြသနိုင်မှုကြောင့် နယ်သာလန်အသင်းကနေ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲပါတယ်။ ဘယ်လ်ဂျီယံသတင်းတွေရဲ့အဆိုအရ ဂန်းနားတွေဟာ အလိမ်အခေါက်ကောင်းတဲ့ တောင်ပံ ကစားသမားကို ပေါ် ၂၅သန်းနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

လန်းကို ပထမဆုံးစိတ်ဝင်စားခဲ့တာက အာဆင်နယ် မဟုတ်ပဲ လိဒ်စ်ယူနိုက်တက်နဲ့ အေစီမီလန်တို့ကလည်း နွေရာသီအတွင်း ချိတ်ဆက်ခဲ့ပါတယ်။ ဘရုဂျက်အနေနဲ့ ပေါင် ၃၃သန်း လိုချင်နေတဲ့ အနေအထားမှာ လန်းအတွက် ဂန်းနားတွေအနေနဲ့ စမ်းသပ် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

လန်းဟာ ယမန်နှစ်ကလည်း အသင်းမှာ အထူးခြေစွမ်းပြခဲ့ကာ ဘရုဂျက်ကို လိဂ်ဖလား ဆွတ်ခူးအောင် ကူညီပေးခဲ့ပါတယ်။ ယမန်နှစ်ရာသီအတွင်း ၂၉ပွဲ ကစားရာမှာ ၁၆ဂိုး သွင်းနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံလိဂ်ရဲ့ လူငယ် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်နွေရာသီအတွင်း ဘင်ဝှိုက်၊ ရမ်းစ်ဒေး၊ အိုဒီတ်ဂတ်အပါအဝင် ကစားသမားသစ် ၆ဦး ခေါ်ယူထားကာ ပရီးမီးယားလိဂ်မှာ ငွေသုံးအကြမ်းဆုံး အသင်းတွေထဲက ၁သင်း ဖြစ်ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ဘရုဂျက် #နိုအာလန်း