ရှေ့သို့
Image

အားကစားဒါရိုက်တာနေရာအတွက် မိုနာကို နဲ့ လိုင်လီအားကစားဒါရိုက်တာဟောင်း လူးဝစ်ကမ်ပို့စ်ကို စိတ်ဝင်စားနေ

11:02 AM, 14 October

နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေဟာ အားကစားဒါရိုက်တာနေရာအတွက် လူးဝစ်ကမ်ပို့စ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ များပြားလွန်းလှတဲ့ နယူးကာဆယ်အသင်းပရိသတ်တွေဟာ ဆောက်ဒီသူဌေးတွေဝယ်ယူပြီးနောက် ကွင်းပြင်ပမှာ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ စကိုင်းစပေါ့တ်ကတော့ နယူးကာဆယ်ဟာ အားကစားဒါရိုက်တာနေရာအတွက် ကမ်ပို့စ်ကို အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကမ်ပို့စ်ဟာ မိုနာကို နဲ့ လိုင်လီအသင်းတို့ကို လီဂူးဝမ်းချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကာ လူငယ်ခြေတက် ကစားသမားတွေကိုလည်း ရောင်းချနိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ကမ်ပို့စ်ဟာ မက်ပီ ၊ မာရှယ် ၊ လီမာ ၊ ဘာနာဒိုဆေးလ်ဗား နဲ့ ဖာဘင်ဟိုတို့ကို ရှာဖွေနိုင်ခဲ့သလို ပေါင်သန်း ၅၀၀ လောက်အထိ အမြတ်ငွေ ရှာဖွေနိုင်ခဲ့ပါတယ်။ လိုင်လီမှာတော့ ပီပီ နဲ့ ဂါဘရီရယ်တို့ကို ရောင်းချငွေကနေ ပေါင်သန်း ၉၀ လောက် အမြတ်ငွေရခဲ့ပါတယ်။ ကမ်ပို့စ်ကို ယခင်တုန်းက တော့တင်ဟမ် ၊ အာဆင်နယ် နဲ့ ယူနိုက်တက်တို့က ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

#မိုနာကို #နယူးကာဆယ် #လိုင်လီ #လူးဝစ်ကမ်ပို့စ်