ရှေ့သို့
Image

ချဲလ်ဆီး တိုက်စစ်မှူး တီမိုဝါနာကို ပုံမှန်ချိတ်ဆက်နေတဲ့ နယူးကာဆယ်

9:35 AM, 14 October

သတင်းတွေရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ပေါင် ၃၀၅ သန်းတန် အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ်ပြီးချိန်ကတည်းက ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ပုံမှန်ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကနေ အလုံးစုံလွှဲပြောင်းရယူပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာပြီး ဂျာမနီမဂ္ဂဇင်း BILD ရဲ့ဖော်ပြချက်အရ ဇန်နဝါရီဈေးကွက်မှာ ဂျာမနီလက်ရွေးစင် ဝါနာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ အသက် ၂၅ နှစ်အရွယ်ရှိ ဝါနာကို ၂၀၂၀ ဇူလိုင်လက ပေါင်၄၈ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ကစားသမားအနေနဲ့ အသင်းဟောင်း လိုက်ပ်ဇစ်မှာ ပြသခဲ့တဲ့ခြေစွမ်းမျိုး ရဖို့ ရုန်းကန်နေရပြီး ယမန်နှစ်ရာသီက စုစုပေါင်း ၆ဂိုးပဲ သွင်းယူနိုင်ခဲ့သလို ပရိသတ်တွေကလည်း သူ့ရဲ့အဆုံးသတ်မသေချာမှုအပေါ် စိတ်ပျက်နေပါတယ်။

ဒီအတွက်ကြောင့်ပဲ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက လူကာကူကို အင်တာကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ရပြီး ဝါနာလည်း အသင်းမှာ ဦးစားပေးတိုက်စစ်မှူးအဆင့်ကနေ လျော့ကျသွားပါတယ်။ BILD ရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ ဝါနာကို သူတို့ရဲ့ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် သဘောထာားမယ်ဆိုတဲ့ဆွဲဆောင်မှုနဲ့ အရခေါ်ယူနိုင်ဖို့ ပုံမှန်ဆက်သွယ်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လုံးဝကစားခွင့်မရခဲ့တဲ့ ဝါနာကလည်း တကယ်လို့ ဒီပုံစံအတိုင်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေရင် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #ဝါနာ