ရှေ့သို့
Image

ဂျူဗင်တပ်စ်နဲ့ ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ အေဘရာဟမ်

9:25 AM, 14 October

တမ်မီ အေဘရာဟမ်ဟာ လာမယ့်တနင်္ဂနွေနေ့ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ဟန်ဂေရီနဲ့ စိတ်ပျက်ဖွယ် ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းနေရာ လူစားဝင်လာပြီး ၁၅မိနစ်အကြာမှာပဲ ဒဏ်ရာရကာ ထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့ပါတယ်။

ရိုးမားအတွက်တော့ လာမယ့်ပွဲမှာ အေဘရာဟမ်တစ်ယောက် ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေပြီး မျှော်လင့်ထားတာထက် နောက်ကျပြီး ရောမမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ အေဘရာဟမ်တစ်ယောက် ဒဏ်ရာရပြီး နောက်ရက်မှာ ရောမမြို့က ဗီလာ စတူးဝတ် ဆေးခန်းမှာ ခြေကျင်းဝတ်လည်ဒဏ်ရာကို စစ်ဆေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အင်္ဂလန်သားက ယမန်နေ့ ညနေကနမှ ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ လေဆိပ်ပြန်ရောက်လာချိန် အီတလီမီဒီယာတစ်ခုက မေးမြန်းချိန်မှာတော့ အေဘရာဟမ်က ဂျူဗီနဲ့ ပွဲအတွက် ပါဝင်ဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့တာပါ။ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက ရိုးမားကို ပေါင် ၃၄သန်းနဲ့ ရောက်လာခဲ့ပြီး စီးရီးအေ ၇ပွဲမှာ ၂ဂိုးသွင်းထားခဲ့ပါတယ်။

ရိုးမားအသင်းဟာ ရာသီအစ အကောင်းဆုံး ကစားထားနိုင်ခဲ့ပြီး ထိပ်သီး၄သင်းထဲ ရှိနေခဲ့ကာ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်ကလည်း အရေးပါတဲ့ ပွဲစဉ်၁ပွဲ ဖြစ်နေခဲ့ပါတယ်။ ဂျူဗီကတော့ ရာသီအစ ဆိုးရွားတဲ့ ရလဒ်တွေ ပိုင်ဆိုင်ခဲ့အပြီး ရမှတ်တွေ ပြန်လည်ရှာဖွေဖို့ လိုအပ်နေခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #မော်ရင်ဟို #အေဘရာဟမ်