ရှေ့သို့
Image

အာစင်ဝင်းဂါးကို နောက်တစ်ကြိမ် ခေါင်းကိုက်စေခဲ့ပြန်တဲ့ ဒရော့ဘာ

9:16 AM, 14 October

ချဲလ်ဆီးဂန္တဝင်ကြီး ဒီဒီရာဒရော့ဘာကတော့ ကစားသမားဘဝက အနားယူသွားခဲ့ပေမယ့်လည်း ဂိုးသွင်းစွမ်းရည် မကျသေးဘူးဆိုတာကို ရန်ပုံငွေပွဲမှာ ဟတ်ထရစ်သွင်းပြီး သက်သေပြသွားခဲ့ပေမယ့် အာစင်ဝင်းဂါးအတွက်တော့ ခေါင်းခဲစရာ အခြေအနေဖြစ်သွားခဲ့ရပါတယ်။

အာဆင်နယ်နည်းပြဟောင်းဝင်းဂါးဟာ ဂန္တဝင်တိုက်စစ်မှူးနဲ့ ရင်ဆိုင်ရတိုင်း အမြဲလိုလို ဂိုးတွေပေးရလေ့ရှိပြီး ဒရော့ဘာက အာစင်ဝင်းဂါးကိုင်တဲ့ အသင်းတွေနဲ့ ၁၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ UNICEF XI နဲ့ မာဆေးလ်အသင်း ဂန္တဝင်များ ရန်ပုံငွေပွဲစဉ်မှာတော့ UNICEF XI အသင်းကို နည်းပြတာဝန်ယူခဲ့ပေမယ့် ဒရော့ဘာက ဝင်းဂါးရဲ့အာဆင်နယ် နည်းပြဘဝကို ပြန်လည်အမှတ်ရသွားစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တဲ့ ဒရော့ဘာဟာ ဂိုးရှေ့ရောက်ရင်တော့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်နေဆဲပါပဲဆိုတာကို ဟတ်ထရစ်ပါ သွင်းပြီးသက်သေပြခဲ့ပါတယ်။ ဝင်ဂါးရဲ့ ၂၀၁၈ နောက်ပိုင်း ပထမဆုံးနည်းပြပြန်လုပ်တဲ့ ပွဲစဉ်မှာ ဝင်းဂါးရဲ့ ယူနီဆက်ဖ်အသင်းက ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒရော့ဘာရဲ့ ဟတ်ထရစ်က ပွဲရဲ့အာရုံကိုဖမ်းစားသွားခဲ့ပါတယ်။

ပွဲပြီးချိန်မှာတော့ ဂန္တဝင်တိုက်စစ်မှူးကြီးရဲ့ ကျေးဇူးနဲ့ မာဆေးလ်ဂန္တဝင်များအသင်းက ယူနီဆက်ဖ်လက်ရွေးစင် အသင်းကို ၇-၄ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒရော့ဘာဟာ ကလပ်အသင်းတွေ အတွက် ပွဲပေါင်း ၃၈၁ ပွဲကစားခဲ့ပြီး သွင်းဂိုး ၁၆၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖော်မြူလာဝမ်းကြယ်ပွင့် ပိုင်ရီဂက်စ်လေကလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာဆိုရင် အာဆင်နယ်ဂန္တဝင်တွေဖြစ်ကြတဲ့ ရောဘတ်ပီးရက်စ်၊ မတ်သရူးဖလာမီနီ၊ ဆမ်မီနာဆရီနဲ့ ဂျန်လေမန်းတို့ ပါဝင်ကစားခဲ့ပါတယ်။ နာဆရီကတော့ ၂၀၀၄ မှာ မာဆေးလ်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ် လွန်ခဲ့တဲ့နှစ်ပတ်ကမှ ကစားသမားဘဝက အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဒရော့ဘာ