ရှေ့သို့
Image

ကော်တင်ဟိုကို ရောင်းချရာကနေ မြိုးမြိုးမြက်မြက်ငွေ ပြန်ရနိုင်မယ်လို့ မျှော်လင့်နေတဲ့ လာပေါ်တာ

4:33 PM, 13 October

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုအန်လာပေါ်တာက ဖီလစ်ပီကော်တင်ဟိုကို ရောင်းချခြင်းအားဖြင့် ဝင်ငွေ ပြန်ရှာနိုင်မယ်လို့မျှော်လင့်နေပါတယ်။ Sports  ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အသင်းရဲ့ စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းနေရပါတယ်

ပြီးခဲ့တဲ့ နွေရာသီက မက်ဆီ၊ဂရစ်ဇ်မန်း အစရှိတဲ့ ကစားသမားတွေကို လက်လွတ်ခဲ့သလို လာမယ့်အပြောင်းအရွှေ့မှာလည်း အသင်းကနေ ထွက်ခွာမယ့် ကစားသမာ အများအပြားရှိနေပါတယ် နောက်ခံလူ အမ်တီတီ အဆိုပါစာရင်းထဲမှာ ပါသလို ကွင်းလယ်လူ ကော်တင်ဟို၊ တောင်ပံကစားသမား ဒမ်ဘီလီတို့လည်း ရှိနေပါတယ်။

အထူးသဖြင့် ဘာစီလိုနာအသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးကနေ ရောက်လာတဲ့ ကော်တင်ဟိုဟာ ထင်မှတ်ထားသလို အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုကို ခေါ်ယူမယ်လို့သတင်းထွက်နေတာက ဆော်ဒီပိုင်ရှင်သစ်လက်ထဲ ရောက်သွားတဲ့ နယူးကာဆယ်အသင်း ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကော်တင်ဟို #လာပေါ်တာ