ရှေ့သို့
Image

ပေါင် ၃၅ သန်း ပရီးမီးယားလိဂ်စတားကို ခေါ်ယူဖို့ အေးဂျင့်နဲ့ ဆွေးနွေးနေတဲ့ နယူးကာဆယ်

3:04 PM, 13 October

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ကို ဆော်ဒီသူဌေးတွေက ကြာသပတေးနေ့တုန်းက ဝယ်ယူခဲ့တာဖြစ်ကာ အသင်းကို အပြောင်းအလဲများစွာလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ကစားသမားအပြောင်းအလဲအပြင် နယူးကာဆယ်ဟာ နည်းပြနေရာအတွက်လည်း နာမည်ကျော်နည်းပြ တော်တော်များများကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို အေဂျက်ကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကို နယူးကာဆယ်အပြင် အဲဗာတန် နဲ့ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ “ကျွန်တော်တို့ စာရင်းထဲမှာ ဗန်ဒီဘိခ်ရှိနေပါတယ်။ အပြောင်းအရွှေ့အစတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ယူနိုက်တက်ကလည်း ကစားသမားသစ်ခေါ်ယူဖို့ အတွက် ဗန်ဒီဘိခ်ကို ရောင်းချဖွယ်ရှိနေပါတယ်။

#နယူးကာဆယ် #ဗန်ဒီဘိခ်