ဟန်ဂေရီနဲ့ သရေကျတဲ့ပွဲမှာ ညံ့ဖျင်းနေတဲ့ ကိန်းရဲ့ စွမ်းဆောင်ရည်အပေါ် ရွိုင်ကိန်း ဝေဖန်
1:11 PM, 13 October
အကောင်းဆုံး ခြေစွမ်းပြသဖို့ ရုန်းကန်နေရချိန်မှာ အင်္ဂလန်အတွက် လုံလောက်တဲ့ ခြေစွမ်း မထုတ်ပြန်နိုင်တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းအား ရွိုင်ကိန်းက ဝေဖန်ပြောကြားလိုက်သည်။
တော့တင်ဟမ်တိုက်စစ်မှူးဟာ ဒုတိယပိုင်းတွင် ပွဲပြီးဖို့၁၄မိနစ်အလိုမှာ လူစားလဲမခံရမီ အခွင့်အရေးတစ်ချို့ရသော်လည်း အသုံးမချနိုင်ခဲ့ဘဲ ကွင်းထဲမှာ တဖြည်းဖြည်း ကြိုးစားရုန်းကန်မှု အားနည်းလာခဲ့ပါတယ်။
အိုင်ယာလန်နှင့် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းက ပြောရာမှာ“ကိန်းမှာ အလယ်အလတ်ပုံစံမျိုး မရှိပါဘူး သူ ခြေစွမ်းပြနေတဲ့အချိန်မှာ သိပ်ကောင်းပြီး အဲဒီလိုမဟုတ်ဘူးဆိုရင် ခြေစွမ်းက ပျောက်နေတတ်တာ အကြိမ်များစွာ သတိထားမိပါတယ် သူပုံစံက လေးလံနေပြီး ပွဲရဲ့ အမြန်နူန်းကို လိုက်မမီသလို မျိုးပါဘဲ။ ကလပ်အဆင့်မှာ ဘာဘဲ ဖြစ်နေဖြစ်နေ ယေဘုယျအားဖြင့် ကစားပုံ ပုံမှန်မဟုတ်တဲ့ အချိန်မှာ သူအနေနဲ့ ဒီထက်ပိုကြိုးစားရမှာပါ”ဟု ဆိုသည်။
အီယန်ရိုက်ကလည်း “ကိန်းရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးပြန်ရလာမယ်လို့မျှော်လင့်လျက် ရှိနေပါတယ်။ ကျွန်တော်မြင်ရတာတော့ အရင်လို ခြေမရသေးတဲ့ သူပါ သူ ရာသီအစမှာ တာထွက်မလှခဲ့ဘူး လူမကြာခဏ ကျွံတာတွေ ရှောင်ရှားသင့်သလို အမြန်နူန်းနဲ့ကစားဖို့လည်း လိုအပ်တယ်။ဟယ်ရီကိန်းက အဆင်ပြေသွားမှာပါ ဒီအတိုင်း ဆက်သွားရုံပါဘဲ”ဟု ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို နောက်ကလိုက်ကစားခဲ့ပြီး ဆလိုင်းရဲ့ ပင်နယ်တီဂိုးဖြင့် ၂၄မိနစ်မှာတင် ဂိုးပေးလိုက်ရကာ ၁၃မိနစ်အကြာမှာတော့ နောက်ခံလူ ဂျွန်စတုန်းက ဖိုဒမ်ရဲ့ ဖရီးကစ်ကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ အဆိုပါပွဲတွင် ဟန်ဂေရီပရိသတ်များ ဝင်ဘာလေကွင်းမှာ ရဲတပ်ဖွဲ့နဲ့ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ပွဲအစ စောပိုင်းမိနစ်မှာတင် ရုတ်ရုတ်သဲသဲတော့ ဖြစ်ခဲ့သည်။
ဘယ်လိုဘဲဖြစ်ဖြစ် အင်္ဂလန်အသင်းဟာ လာမယ့် အယ်လ်ဘေးနီးယားနှင့် ဆန်မာရီနို ပွဲတွေမှာ ၄မှတ်ရရုံဖြင့် လာမယ့်နှစ်မှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားကို ဝင်ရောက်ခွင့် ရသွားဖို့ရှိပါတယ်။