ရှေ့သို့
Image

နယူးကာဆယ် နည်းပြ ရာထူးအတွက် လမ်းပတ်ကို ထောက်ခံခဲ့တဲ့ ဂျီရော့ဒ်

11:13 AM, 13 October

အေစီမီလန်တိုက်စစ်မှူး အိုလီဗီယာဂျီရော့ဒ်ကတော့ သူ့ရဲ့နည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ နယူးကာဆယ်နည်းပြရာထူးအတွက် အထိုက်တန်ဆုံးဖြစ်လို့ ဆော်ဒီအသင်းပိုင်ရှင်တွေထက် စိန့်ဂျိမ်းစ်ပတ်ရဲ့ ပထမဆုံးနည်းပြ ဖြစ်လာသင့်တယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးဂန္တဝင်ကစားသမားဟောင်းကြီးကို လက်ရှိနယူးကာဆယ် နည်းပြစတိဗ်ဘရုစ်ရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေပေမယ့် အသက် ၆၀ အရွယ် နည်းပြကြီးက ဘယ်အချိန်မှ အသင်းနဲ့ လမ်းခွဲမလဲဆိုတာ မသိနိုင်သေးပါဘူး။ လမ်းပတ်ကတော့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး သူနဲ့သင့်တော်မယ့် အကောင်းဆုံး အခွင့်အရေးတစ်ခုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျီရော့ဒ်ကတော့ “ မနှစ်က သူနဲ့စကားနည်းနည်း ပြောဖြစ်ခဲ့တယ်။ ကောင်းမွန်တဲ့ စိန်ခေါ်မှုတွေနဲ့ နည်းပြလောကကို ပြန်ဝင်လာလိမ့်မယ်လို့ ထင်တယ်။ ဒါက(နယူးကာဆယ်) သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဆိုတာ သေချာပါတယ်။ နယူးကာဆယ်ကလည်း ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတစ်သင်းပါပဲ၊ သူ့ရဲ့အရည်အချင်းကို ပြန်ပြနိုင်ဖို့အတွက် အကောင်းဆုံးစိန်ခေါ်မှုတွေရှိနေတဲ့ အသင်းမျိုးပါ။ လမ်းပတ်နဲ့ ဒါဘီကောင်တီမှာ အလုပ်တွဲလုပ်ခဲ့ဖူးသလို နယူးကာဆယ်ရဲ့ ဂန္တဝင်ဂိုးသမားတစ်ဦးလည်းဖြစ်တဲ့ ရှေးဂစ်ဗင်ကလည်း နယူးကာဆယ်နည်းပြရာထူးက လမ်းပတ်နဲ့ အထိုက်တန်ဆုံးလို့ ယုံကြည်နေသလို ဘရုစ်ထက်လည်း အရည်အချင်းပိုကောင်းတယ်”လို့ ပြောခဲ့ပါတယ်။

ရှေးဂစ်ဗင်က “စတိဗ်ဘရုစ်က လက်ရှိနည်းပြဖြစ်သလို ကျွန်တော့်ရဲ့ဆရာဟောင်းတစ်ယောက်လည်း ဖြစ်လို့သူ့အကြောင်း ပြောရတာ သတိကြီးကြီးထားဖို့ လိုတယ်။ အသင်းပိုင်ရှင်သစ်တွေက နည်းပြသစ်ကို လိုချင်မှာသေချာနေတော့ သူ့အတွက် အခြေအနေ သိပ်မကောင်းတော့ပါဘူး အဲ့ဒါကြောင့် စတိဗ်ဘရုစ် အတွက်တော့ ခက်ခဲတဲ့အချိန်တွေပါပဲ။ စတိဗ်ဘရုစ်ကိစ္စကိုဖြစ်ဖြစ် နည်းပြသစ်ကိစ္စကိုဖြစ်ဖြစ် သူတို့ဘက်က ကြေညာဖို့ မျှော်လင့်ပါတယ်။ ဒီနေရာကို ဘယ်သူဝင်လာမလဲဆိုတာ အတော်များများက စိတ်ဝင်စားနေကြတာပါ။ ကျွန်တော်က ဖရန့်(လမ်းပတ်) နဲ့ အလုပ်တွဲလုပ်ဖူးတော့ သူ့အကြောင်းကောင်းကောင်းသိတယ်။ သူပရီးမီးယားလိဂ်ကို ပြန်လာဖို့အတွက် အရမ်းကို စိတ်အားထက်သန်နေတယ်ဆိုတာ သေချာပါတယ် ”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #လမ်းပတ် #ဂျီရော့ဒ်