ရှေ့သို့
Image

ကက်စ်မဲရိုးရဲ့ နေရာကို အစားထိုးဖို့ ချဲလ်ဆီး ပစ်မှတ် ချူအာမန်နီကို အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

10:00 AM, 13 October

ရီးရဲလ်မက်ဒရစ်ဟာ ဖေဖော်ဝါရီလက အသက် ၃၀ ပြည့်ခဲ့တဲ့ ဘရာဇီးသား ကက်စ်မဲရိုးရဲ့နေရာမှာ အလားအလာရှိတဲ့ ပြင်သစ်လူငယ်ကစားသမားလေး ချူအာမန်နီနှင့် အစားထိုးဖို့ စီစဉ်နေပါတယ်လို့ စပိန်သတင်းစာဖြစ်တဲ့ Marca ကဖော်ပြထားပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းဟာ ချူအာမန်နီရဲ့တစ်နိုင်ငံတည်းသားဖြစ်သူ မက်ပီကိုလည်း လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ကြိုးစားနေတာကတော့ ပီအက်စ်ဂျီအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ချူအာမန်နီဟာ လက်ရှိရာသီမှာ ခြေစွမ်းပြနေပြီး မိုနာကိုအတွက် ၁၅ ပွဲ ကစားပေးထားကာ ဘော်ဒိုးအား ၃-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လီဂူးဝမ်းက လူငယ်ကစားသမားဟာ နိုင်ငံတကာအဆင့်မှာလည်း ခြေစွမ်းပြထားတာဖြစ်ပြီး ကန်တီမပါဝင်နိုင်တဲ့ အချိန်မှာ ပေါ့ဂ်ဘာနှင့်အတူ တွဲဖက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားမှုတွေကြောင့် ယူနိုက်တက်စတားထံကနေ ချီးကျူးပြောခြင်းခံခဲ့ရပြီး အင်တာဗျူးဟာ သူဟာ ရုပ်ပိုင်း ဆိုင်ရာရော နည်းစနစ်ပိုင်းဆိုင်ရာမှာ သာလွန်ကောင်းမွန်တဲ့သူဖြစ်ပါတယ်လို့ ပေါ့ဂ်ဘာက ပြောခဲ့ပါတယ်။

ဘော်ဒိုးလူငယ်ကစားဟာ ပြင်သစ်အသင်းကို နေးရှင်းလိဂ်မှာ ပထမဆုံးဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ် ပြီး စပိန်အား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်ကို ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးအသင်းနှင့် ပြိုင်ဆိုင်ရဖို့ရှိနေပါတယ်လို့ Marca က ဖော်ပြထားပါတယ်။

ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပါတယ်လို့ သတင်းတွေ ထွက်နေပြီး လီဗာပူးကလည်း ပေါင် ၃၄ သန်းဖြင့် ခေါ်ယူဖို့ မျက်စိကျနေပါတယ်လို့ သတင်းထွက်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြင်သစ်လက်ရွေးစင်းအသင်းမှာ နည်းပြ ဒက်စ်ချန့်စ်က ကန်တီရဲ့အရန်အဖြစ် သူ့ကို ရွေးချယ်ခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ရှိနေပါတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားကို လီဂူးဝမ်းမှာ နောက်ထပ် ၁ ရာသီ ထပ်ပြီးထားလိုက်တာက အသင်းအတွက် ပိုပြီးကောင်းလာမယ်လို့ ချဲလ်ဆီးကထင်နေပါတယ်လို့ The Athletic ကဖော်ပြထားပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါရဲ့  ရိုက်ခတ်မှုကြောင်း ရီးရဲလ်မက်ဒရစ်ဟာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲနှင့်ရင်ဆိုင်နေရပါ တယ်။ သို့သော်လည်း လာမယ့်နွေရာသီမှာ ဘဏ္ဍာရေးတောင့်တင်းလာမယ်လို့ ကလပ်က မျှော်လင့်ထားပါတယ်။

ချူအာမန်နီနှင့် အမ်ဘာပီတို့နှစ်ဦးစလုံးဟာ ၂၀၂၂ မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေးပစ်မှတ် အဖြစ်ရှိနေမှာဖြစ်ပါ တယ်လို့ Daily Mail ကဖော်ပြထားပြီး ပီအက်စ်ဂျီတိုက်စစ်မှုးကိုတော့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ရရှိဖွယ်ရှိနေပါတယ်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ကက်စ်မဲရိုး #ချူအာမန်နီ