ရှေ့သို့
Image

အလုပ်ကြောင့် အိပ်ရေးပျက်နေရတဲ့ ရွန်နီ အိမ်နီးချင်းတွေကြောင့်ပါ နားမခံနိုင်အောင်ဖြစ်ဖို့ရှိနေ

12:23 PM, 12 October

ဒါဘီအသင်းနည်းပြ ဝိန်းရွန်းနီအတွက်တော့ ခရစ္စမတ်ကာလက စိတ်ပျက်စရာဆူညံသံတွေနဲ့ ပြည့်နှက်လာနိုင်ပြီး သူတို့အိမ်နားက လယ်သမားတစ်ဦးဟာ သိုးအကောင် ၂၀၀ ကို အစာကျွေးနိုင်ဖို့ ကြီးမားတဲ့ဂိုထောင်ကြီးတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။ ဒါဘီအသင်း အစိုးရရဲ့ စီမံအုပ်ချုပ်မှုခံယူခဲ့ရလို့ ၁၂ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် အိပ်ပျက်ညတွေ များနေတဲ့ ရွန်နီအတွက် နောက်ထပ်အိပ်ပျက်ညတွေ ပိုများလာနိုင်ပြီး ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ပိုများလာနိုင်ပါတယ်။

ချက်ရှိုင်းယားဒေသရှိ သူ့ရဲ့ ပေါင်သန်း ၂၀တန် စံအိမ်ကြီးနားမှာ လယ်သမားတစ်ဦးက ဆောင်းရာသီမှာ သိုးတွေကို နေထိုင်ဖို့နဲ့ စားသောက်ဖို့အတွက် ကြီးမားတဲ့သိုးအိမ် တည်ဆောက်တော့မှာဖြစ်ပါတယ်။ အဲဒီလယ်သမားမိသားစုဟာ ဇူလိုင်လမှာ သိုးအကောင် ၁၀၀၀ မွေးမြူဖို့ ခွင့်ပြုချက်ရခဲ့ပြီး အဲဒီလိုခွင့်ပြုချက်ရဖို့ ၁နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုယ်စီရှိပြီဖြစ်တဲ့ ရွန်းနီနဲ့ ကောလင်းတို့ဟာ ၂၀၁၈ ခုနှစ်က ဧက ၄၀ ကျယ်ဝန်းတဲ့ အဆိုပါစံအိမ်ကို ပေါင် ၄.၃ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက် အဆင့်မြင့်မွမ်းမံပြင်ဆင်ခဲ့ပြီး ဥယျာဉ်တွေ၊ ကားဂိုထောင်ကြီးတစ်ခုနဲ့ မြင်းဇောင်းတွေလည်း ပါဝင်ပါတယ်။

#ဒါဘီ #ရွန်းနီ