နည်းပြနေရာ အတွက် လမ်းပတ် ဒါမှမဟုတ် လူဆီယန်ဖာဘရီကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်
9:07 AM, 12 October
နယူးကာဆယ်အသင်းပိုင်ရှင်အသစ်တွေဟာ နည်းပြ စတိဗ်ဘရုစ်နေရာမှာ နည်းပြသစ်အဖြစ် လမ်းပတ် ဒါမှမဟုတ် လူဆီယန်ဖာဘရီတစ်ဦးဦးကို ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းကို ဆော်ဒီသူဌေးတွေက ပြီးခဲ့တဲ့အပတ်တုန်းက ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ကာ နည်းပြသစ်ခန့်အပ်ဖို့ အလိုရှိနေကြပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ နယူးကာဆယ်ရဲ့ ပစ်မှတ်ထဲမှာ လမ်းပတ် နဲ့ ဒေါ့မွန်နည်းပြ ဖာဘရီတို့ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
တူညီတဲ့သတင်းအချို့ကတော့ နယူးကာဆယ်အသင်းဟာ ဘရုစ်ကို လာမယ့် ၄၈ နာရီအတွင်း ထုတ်ပယ်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်ဟာ ၇ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးပဲ အမှတ်ပေးဇယားရဲ့အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝုဗ်အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ကာ နည်းပြ ဘရုစ်အတွက် နောက်ဆုံးပွဲဖြစ်လာဖွယ်ရှိနေပါတယ်။ အသင်းရဲ့ဒါရိုက်တာ စတာဗီလေ နဲ့ သူ့ယောင်္ကျား မီဟာဒက်တ်တို့ဟာ တနလာၤနေ့တုန်းက လေ့ကျင့်ရေးကွင်းမှာ ဘရုစ်နဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
လမ်းပတ်က ချဲလ်ဆီးအသင်းမှာ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့တာကြောင့် ဇန်နဝါရီတုန်းက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဖာဘရီကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ဒေါ့မွန်နဲ့ လမ်းခွဲခဲ့တာဖြစ်ကာ နွေရာသီတုန်းက ပဲလေ့စ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။