ရှေ့သို့
Image

အခက်အခဲတွေ ရှိပေမဲ့ ဆီဘယ်လော့စ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ အမ်မရီ ချဉ်းကပ်ဖွယ်ရှိနေ

1:20 PM, 18 October

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ အသင်းမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ဆီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

ဆီဘယ်လော့စ်က မြောက်လန်ဒန်မှာ အထူးခြေစွမ်းပြနေပြီး အရမ်းပျော်နေပြီလို့ ၀န်ခံထားခဲ့ပါတယ်။

ဒါပေမဲ့ ဆီဘယ်လော့စ်က ရီးရဲလ်မက်ဒရစ်ကို ပြန်သွားပြီး ဘာနေဗြူးမှာ အစမ်းသပ်ခံဦးမယ်ဆိုတာကိုတော့ ယတိပြတ် ပြောထားခဲ့ပါတယ်။

ဆီဘယ်လော့ဟ်ဟာ ယမန်နှစ်က နည်းပြ ဇီဒန်းရဲ့ လက်ထက်မှာ အခွင့်အရေးအနည်းငယ်သာ ရခဲ့တာကြောင့် ပွဲထွက်ခွင်အတွက် အသင်းပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်အသင်းမှာတော့ ဆီဘယ်လော့စ်ဟာ ပြိုင်ပွဲစုံ ၁၀ပွဲအထိ ပါဝင်ကစားခဲ့ပြီ ဖြစ်ပါတယ်။ ASရဲ့ ဖော်ပြချက်အရ အမ်မရီအနေနဲ့ ရာသီကုန်မှာ စပိန်သားကို အရခေါ်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

အပြီးသတ်ခေါ်ယူရေးကိစ္စက ခက်ခဲမယ်ဆိုတာ သိပေမဲ့ အမ်မရီကတော့ ကြိုးစားသွားမယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

ဆီဘယ်လော့စ်ဟာ အာဆင်နယ်မှာ ခြေစွမ်းပြခဲ့ပြီးနောက် စပိန်အသင်းကြီးရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။

ဆီဘယ်လော့စ်ဟာ ပွဲဦးထွက် ဘန်လေနဲ့ပွဲစဉ်မှာပဲ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး man of the match ပါ ရရှိခဲ့ပါတယ်။

အလားတူ စတန်းဒက်လိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ပွဲဦးထွက် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။

#ဆီဘယ်လော့စ်