ရှေ့သို့
Image

ပူလီဆစ်ရဲ့စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်လိုက်တဲ့ ချဲလ်ဆီးအသင်း ပရိသတ်များ

12:34 PM, 17 October

ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ မနေ့ကကစားခဲ့တဲ့ အမေရိကန်အသင်း လူစာရင်းကနေ လူစားလဲခံရပြီးနောက် အရန်ခုံမှာ ငိုကြွေးနေတဲ့ လက်ရှိအသင်း ကစားသမားသစ် ပူလီဆစ်ရဲ့ စိတ်ဓာတ်ပိုင်းဟာ ယခင်တိုက်စစ်မှူး မိုရာတာရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ဆင်တူနေတယ်လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

အဆိုပါ တောင်ပံကစားသမားဟာ ကနေဒါနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ အရန်ခုံမှာ ထိုင်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ကနေဒါအသင်းကို  ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့်  ၃၄ နှစ်အတွင်း ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကနေဒါ အသင်းအတွက် သွင်းဂိုးတွေကိုတော့ Golden Boy ဆုရှင် အယ်လ်ဖွန်ဆို ဒေးဗီးစ်က တစ်ဂိုး ၊ လူးကပ်စ် ကာဗယ်လီနီက တစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ဘယ်ဟက်တာက တောင်ပံကစားသမား ပူလီဆစ်ဟာ အဖျားဝေဒနာ ခံစားနေခဲ့ရတယ်လို့ အတည်ပြုခဲ့ပြီး အဆိုပါ ရှုံးပွဲအပြီးမှာတော့ ချဲလ်ဆီးပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပရိသတ် အများစုကတော့ ဒေါ့မွန် ကစားသမားဟောင်းဟာ ယခင်တိုက်စစ်မှူး မိုရာတာရဲ့ ခြေရာကို လိုက်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ စပိန်သားနဲ့ ပတ်သတ်ပြီး နည်းပြ ဆာရီကလည်း “သူ့ရဲ့စိတ်ဓာတ်ပိုင်းက တော်တော်လေး ဆိုးနေပါတယ်။ အမြန်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ဖူးတာကြောင့် လက်ရှိ တောင်ပံကစားသမားကိုလည်း မိုရာတာခြေရာနောက်လိုက်မှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

“ပူလီဆစ်ကို ကြည့်ရတာ မိုရာတာလက်သစ်ကို ကြည့်နေရသလိုပါပဲ”လို့ အသင်းပရိသတ် တစ်ဦးက ရေးသားခဲ့ပါတယ်။

“ပူလီဆစ်ကိုကြည့်ရင်းနဲ့ မိုရာတာကိုတောင် သတိရလာသလိုပဲ။ မိုရာတာများ အသင်းထံ ပြန်ရောက်လာတာလား”လို့ နောက်ထပ် ပရိသတ်တစ်ဦးက ဝေဖန်ရေးသားခဲ့ပါတယ်။

#မိုရာတာ #ကနေဒါ