ရှေ့သို့
Image

ရှက်ဖီးလ်နဲ့ပွဲမှာ ပွဲထွက်ကစားလာဖွယ် ရှိနေတဲ့ အာဆင်နယ် ကစားသမားသစ်

10:50 AM, 17 October

အာဆင်နယ်အသင်း ဘယ်နောက်ခံ ကစားသမားသစ် တီယာနေးဟာ လာမယ့်အပတ်မှာ ကစားမယ့် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲမှာ အသင်းအတွက် ပွဲထွက်ကစားလာဖွယ် ရှိနေပါတယ်။

အဆိုပါ နောက်ခံလူဟာ ဒဏ်ရာပြဿနာတွေကြောင့် အာဆင်နယ် အသင်းရဲ့ လိဂ်ပွဲစဉ်တွေကို ပွဲထွက်ကစားခွင့် မရသေးတာ ဖြစ်ပါတယ်။

စကော့တလန်သားဟာ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပြီး နောက်မှာလည်း ဒဏ်ရာကြောင့် ၆ ပတ်ခန့် လွဲချော်ခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နောက်မှာလည်း တီယာနေးဟာ အာဆင်နယ် အသင်းရဲ့ လိဂ်ဖလား ပွဲစဉ်တွေကိုသာ ပါဝင်ခွင့်ရခဲ့ပါတယ်။

တီယာနေးဟာ အာဆင်နယ်အတွက် ပွဲဦးထွက်ပွဲစဉ်ကို နော်တင်ဟမ်ဖောရက်စ် အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး အဲ့နောက် ယူရိုပါလိဂ်ပွဲစဉ်မှာ ထပ်မံ ပါဝင် ကစားခဲ့ပါတယ်။

အသင်းပရိသတ်တွေကတော့ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ထို့အပြင် ဘယ်နောက်ခံလူ တီယာနေးဟာ ဒဏ်ရာအခြေအနေကြောင့် အာဆင်နယ်နည်းပြ အမ်မရီဟာ စကော့တလန်အသင်း လူစာရင်းကနေ နှုတ်ထွက်ခွင့်ပြုဖို့ အသင်းနည်းပြထံ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

နည်းပြ အမ်မရီကတော့ လာမယ့်အပတ်မှာ ကစားမယ့် ရှက်ဖီးလ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်နေပြီး တီယာနေးအပြင် အိုဇေးလ် ၊ ဟက်တာ ၊ ဟိုးဒင်းလ်စတဲ့ ကစားသမားတွေလည်း ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

အာဆင်နယ်ကတော့ လက်ရှိပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းရဲ့နောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

#ရှက်ဖီးလ်ယူနိုက်တက် #တီယာနေး