ရှေ့သို့
Image

ရီးရဲလ်ကို အဲရစ်ဆင် ပြောင်းရွှေ့ခဲ့ပါက ဇန်န၀ါရီမှာ အစ္စကိုကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတဲ့ စပါး

10:42 AM, 17 October

စပါးအသင်းဟာ ကွင်းလယ်ကစားသမား အဲရစ်ဆင်ရဲ့နေရာကို အစားထိုးဖို့အတွက် ရီးရဲလ်ကွင်းလယ်လူ အစ္စကိုကို ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

လက်ရှိ ကွင်းလယ်ကစားသမား အဲရစ်ဆင်နဲ့ စပါးတို့ကြား စာချုပ်သက်တမ်းက ၈ လကျန်ရှိနေပြီး စာချုပ်သစ်အတွက် အဆင်မပြေသေးတာ ဖြစ်ပါတယ်။

ဒိန်းမတ်သားကတော့ နွေရာသီတုန်းက အသင်းကနေ ထွက်ခွာဖို့ အလိုရှိခဲ့ပေမယ့် ကလပ်အသင်းကတော့ ရောင်းချလိုခြင်း မရှိခဲ့တာပါ။

နည်းပြ ပိုချက်တီနိုကလည်း လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားအချို့ကို ရောင်းထုတ်လိုနေပြီး အဆိုပါ ကစားသမားတွေထဲမှာ အဲရစ်ဆင်လည်း ပါဝင်နေပါတယ်။

သတင်းတွေအရတော့ စပါးအသင်းဟာ သူ့ရဲ့ကွင်းလယ် ကစားသမားသာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် အခြားကစားသမားတစ်ဦးနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

စပိန်သတင်းဌာနတွေကတော့ ရီးရဲလ်အသင်းဟာ ကွင်းလယ်ကစားသမား အစ္စကိုကို ဇန်န၀ါရီမှာ ထွက်ခွာခွင့်ပြုဖွယ်ရှိနေပြီး စပါးအသင်းကလည်း ချိန်ရွယ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ရီးရဲလ်ဟာ အစ္စကိုနေရာမှာ အဲရစ်ဆင်ကို တိုက်ရိုက်အစားထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်းကလည်း  ရီးရဲလ်ကွင်းလယ် ကစားသမားကို အနီးကပ် စောင့်ကြည့်နေပါတယ်။

စပိန်သတင်းစာ မာကာကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက ရီးရဲလ်ဟာ အဲရစ်ဆင်ကို ဇန်န၀ါရီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာနေဗျူး တာဝန်ရှိသူတွေကတော့ စပါးအသင်းဥက္ကဌ လီဗိုင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းအချို့ ဆိုပါတယ်။

နည်းပြ ဇီဒန်းကမူ အဲရစ်ဆင်ထက် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကိုသာ ခေါ်ယူလိုနေပါတယ်။

စပိန်သားဟာ နည်းပြ ဇီဒန်းလက်အောက် ဒီရာသီမှာ အသင်းအတွက် ၁၀၄ မိနစ်သာ ပါဝင် ကစားခွင့် ရရှိထားပါတယ်။

ထို့အပြင်နည်းပြ ဇီဒန်းဟာ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အခုလိုမျိုး ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးပါ။ အဲ့အတွက် ရောင်းချနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်”လို့ ပြင်သစ်သားနည်းပြက ပြောကြားခဲ့ပါတယ်။

#စပါး #အဲရစ်ဆင်