ရှေ့သို့
Image

ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် သွင်းဂိုးတွေပိုသွင်းဖို့ ပစ်မှတ်ထားလာတဲ့ အိုဒွိုင်းလ်

10:20 AM, 17 October

ချဲလ်ဆီးအသင်း တောင်ပံကစားသမား အိုဒွိုင်းလ်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လာမယ့်ပွဲတွေမှာ သွင်းဂိုးတွေ ပိုသွင်းဖို့အတွက် ပစ်မှတ်ထားလာပါတယ်။

အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားဟာ အင်္ဂါနေ့ကကစားခဲ့တဲ့ သြစတြီးယားအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး  ၂ ဂိုးထဲက ၁ ဂိုးကိုတော့ တစ်ကိုယ်တော် ဆွဲပြေးပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တောင်ပံကစားသမားဟာ အသင်းအတွက် ၄ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီးနိုင်ခဲ့ကာ  ပြင်းထန်တဲ့ အရွတ်ကြောပြတ် ဒဏ်ရာကြောင့် ၅ လခန့် အနားယူခဲ့ရပါတယ်။

အင်္ဂလန်သားကတော့ နည်းပြသစ် လမ်းပတ်လက်အောက်မှာ ယခင်ရရှိခဲ့တဲ့ ပုံစံကောင်းတွေ ပြန်လည်ရရှိမယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်အခု တိုးတက်လာဖို့အတွက်ပဲ စဉ်းစားနေပါတယ်။ လက်ရှိအချိန်အထိတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ 

ဒါပေမယ့် မကြာခင်မှာတော့ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ပြန်ရမယ်လို့ ထင်ပါတယ်”လို့ အိုဒွိုင်းလ်က ပြောပါတယ်။

“ပြီးတော့ ကျွန်တော်သွင်းဂိုးတွေ ပိုသွင်းနိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ လာမယ့် အပတ်စနေနေ့မှာ ကစားမယ့်ပွဲမှာလည်း ပါဝင်နိုင်မယ်လို့ ထင်ပါတယ်”လို့ အိုဒွိုင်းလ်က ဆိုပါတယ်။

တောင်ပံကစားသမား အိုဒွိုင်းလ်ဟာ နိုင်ငံတကာ ရက်သတ္တပတ်မတိုင်ခင် ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ပြီး လာမယ့်အပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာဖို့လည်း မျှော်လင့်နေပါတယ်။

“ကျွန်တော်လာမယ့်အပတ်မှာ ကစားမယ့်ပွဲမှာ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ အခုဆို ကျွန်တော် ကြံ့ခိုင်မှု တော်တော်လေးပြည့်နေပြီ ထင်ပါတယ်။

 ပြီးတော့ အရင်ကလိုပဲ သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ အိုဒွိုင်းလ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ လူငယ်တိုက်စစ်မှူး အိုဒွိုင်းလ်ရဲ့ ခြေစွမ်း အနေအထားကို စောင့်ကြည့်နေပြီး ကြံ့ခိုင်မှုပြည့်ပါက လက်ရွေးစင်အသင်းထံ ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အင်္ဂလန်အသင်းကတော့ ဘူလ်ဂေးရီးယားအသင်းနဲ့ ပွဲစဉ်မှာ လူမျိုးရေး ခွဲခြားခံခဲ့ရပြီး အဆိုပါ ပွဲစဉ်မှာတော့ ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အိုဒွိုင်းလ်က “ဂါရတ်က နည်းပြကောင်းတစ်ဦးပါ။ လက်ရှိအခြေအနေတွေကို သူအကောင်းဆုံး ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ စုစည်းနေဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

#ဟက်ဆန် အိုဒွိုင်း