ရှေ့သို့
Image

ကနေဒါကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် မျက်ရည်ကျခဲ့တဲ့ ပူလီဆစ်

4:42 PM, 16 October

ချဲလ်ဆီးတောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်ဟာ အမေရိကန်အတွက် ကစားပေးနေရင်း လူစားလဲခံခဲ့ရတာကြောင့် မျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။

ပူလီဆစ်ဟာ ယခုနှစ်ရာသီ ချဲလ်ဆီးအသင်းမှာ ၄ပွဲသာ ပွဲထွက်ခွင့်ရထားပြီး ကနေဒါကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ပူလီဆစ်ဟာ ၀-၀ သရေကျနေတဲ့ မိနစ် ၆၀ ၀န်းကျင်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာတော့ ၃၄နှစ်အတွင်း ကနေဒါကို ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပူလီဆစ်ကို လူစားလဲခဲ့တဲ့အကြောင်းကို နည်းပြ ဘာဟော်တာက အမေရိကန်သားဟာ အဖျားဝေဒနာရှိနေတယ်လို့ ပြောကြားခဲ့ပြီး အဲ့ဒီအခြေအနေကြောင့်ပဲ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Replayတွေအရတော့ ပူလီဆစ်က နည်းပြဖြစ်သူကို ကျွန်တော်အဆင်ပြေပါတယ်လို့ ပြောခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

ချဲလ်ဆီး အသင်းကို ယခုနှစ်ရာသီကမှ ပေါင် ၅၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပူလီဆစ်ဟာ ဆောက်သမ်တန်ကို ၄-၁ဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကထလာပြီး ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။

#ကနေဒါ