ရှေ့သို့
Image

ယူနိုက်တက်ကို တစ်နှစ်လုပ်ခ ပေါင်၆.၅သန်းနဲ့ ကိုင်တွယ်ဖို့ အယ်လီဂရီ အလွန်နီးစပ်နေ

4:39 PM, 16 October

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ နေရာကို အစားထိုးဖို့အတွက် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ အလွန်နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တော်တော်လေး ရလဒ်ဆိုးနေပြီး ၈ပွဲကစားပြီးချိန်မှာ ဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၅မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

အီတလီသတင်းဌာန Tuttosportရဲ့အဆိုအရ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီကို တစ်နှစ်လုပ်ခ ပေါင် ၆.၅သန်းနဲ့ ဆွေးနွေးနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းမှာတော့ အယ်လီဂရီဟာ ဂျူဗင်တပ်စ်မှာ လက်တွဲခဲ့တဲ့ တပည့်ဟောင်း အမ်မရီချန်နဲ့ မန်ဇူကစ်တို့ကိုပါ အိုးထရက်ဖို့ဒ်ကို ခေါ်လာဖို့ ရှိနေပါတယ်။

ယမန်နှစ်ကတော့ မော်ရင်ဟိုဟာ ခရစ္စမတ်မတိုင်ခင် အသင်းက ထုတ်ခံခဲ့ရပြီး လက်ရှိနည်းပြ ဆိုးလ်ရှားကလည်း အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အယ်လီဂရီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့တာလို့ သိရပါတယ်။

တော့တင်ဟမ်အသင်းဟာလည်း နည်းပြ ပိုချက်တီနိုရဲ့ နေရာကို အစားထိုးဖို့အတွက် အယ်လီဂရီကို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အယ်လီဂရီကတော့ စပါးထက် ယူနိုက်တက်ကိုသာ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။

#စီးရီးအေ #အယ္လီဂရီ #ဆိုးလ္ရွား